LG V30s အသစ်များ တရားဝင်မြင်တွေ့ကြရပြီဖြစ်ကာကောလာဟလ သတင်းများအတိုင်းပင် လက်ရှိ model အား memory အဆင့်မြှင့်တင်ခဲ့ ခြင်းထက် ဘာမှပိုမသာခဲ့ပေ။ ထူးခြားမှုဟူ၍ AI platform အသစ်ပါဝင်လာ ခဲ့သည်။ LG မှ ပြောရလျှင် devices အသစ်နှစ်ခုဟုဆိုရမည်ဖြစ်ပြီး V30S ThinQ နှင့် V30s+ ThinkQတို့ဖြစ်ကြသည်။  

S နှင့် S+ တို့မှာ 6 GB RAM, 128 GB storage နှင့် 6 GB RAM, 256 GB တို့သာ အသီးသီးသတ် မှတ်ထားခြင်းဖြစ်သည်။ Hardware အပြောင်းအလဲမှာ ထိုမျှသာဖြစ်ပြီး အရောင်အသစ်များလည်း ပါဝင်ခဲ့ကာ Maroccan Blue နှင့် Platinum Gray တို့ ပါဝင်ခဲ့သည်။ V3OS နှင့် V30S + တို့အတွက် ထိုအရောင်နှစ်မျိုးသာရနိုင်ပြီး model အဟောင်းမှ အရောင်များကို ရနိုင်မည်မဟုတ်ပေ။

ThinQမှာ LG ၏ AI အသစ်ဖြစ်ကာ V30S UI တစ်ခုလုံးတွင် ပါဝင်ခဲ့ပြီး smart appliances များနှင့် ချိတ်ဆက်ကာ IoTအားလုံးကို ကူညီပေးနိုင်မည်ဖြစ်သည်။ ThinkQမှာ AI CAM ဖြစ်ပြီးကင်မရာ viewfinder တွင် AI ပါဝင်ခြင်းဖြစ်သည်။ Q Lens ပါဝင်ပြီး အရာဝတ္တုများကိုသိရှိနိုင်မည်လည်း ဖြစ်သည်။ 

Source : Netguide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။