သီပေါမင်းတရားကြီး နတ်ပြည်စံသက် နှစ်တစ်ရာပြည့် အိန္ဒိယနိင်ငံ

ရတနာဂီရိတွင် ကျင်းပ

မြန်မာနိုင်ငံ၏နောက်ဆုံးမင်းဆက် သီပေါမင်းနတ်ရွာစံသက် နှစ်တစ်ရာပြည့်အလှူ အခမ်းအနားအား အိန္ဒိယသမ္မတနိုင်ငံ၊ ရတနာဂီရိမြို့ရှိ သီပေါမင်းတရားကြီး အုတ်နန်းပြဿဒ်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ၊ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မှုကြသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သီပေါမင်း၏မြစ်တော် ဦးစိုးဝင်းနှင့် သီပေါမင်း၏ဆွေတော်မျိုးတော်များ၊ အိန္ဒိယဗဟိုအစိုးရမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်

ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့သည် သီပေါမင်းတရားကြီး၏ အုတ်နန်းပြဿဒ်အား ကြည့်ရှုကြသည်။ ထို့နောက် အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခမ်းအနား တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ သီပေါမင်း၏ အနွယ်တော်များမှ ဆက်သွင်းသော သံတော်ဦးတင်လွှာနှင့် ရေစက်ချစာတမ်းများအား အနွယ်တော်များကိုယ်စား သီပေါမင်းတရားကြီး၏ မြစ်တော်များဖြစ်ကြသော မဟာစန္ဒကုမာရ

ဦးစိုးဝင်းနှင့် ဒေါ်ဒေဝီခင်တို့မှ ဆက်သွင်းဖတ်ကြား လျှောက်ထားကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း

သတင်းရရှိသည်။

မှ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။