အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမား အွန်နရီဟာ ဆာလက်နဲ့ ကော်တင်ဟို ကို နှိုင်းယှဉ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ယခုနှစ်ရာသီအစက လီဗာပူလ်းအသင်းကို ရောက်ရှိလာခဲ့တဲ့ ဆာလက်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ကော်တင်ဟိုထက် အသင်းကို အများကြီး အကျိုးပြုစေတယ်လို့ ဆိုခဲ့ပါတယ်။လီဗာပူလ်းအသင်းဟာ ကော်တင်ဟို ထွက်ခွာသွားခဲ့ပေမယ့် ဟန်ချက်မပျက်အောင် ဆာလက်၊ ဖာမီနို၊ မာနေး တိုက်စစ်အတွဲက အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆာလက်ဟာ ရိုးမားအသင်းကနေ လီဗာပူလ်းအသင်းကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းမှာ အမြန်ဆုံးအခြေကျခဲ့ပြီး သွင်းဂိုးများစွာသွင်းယူပေးထားနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုုင်အမာရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆာလက်ဟာ လီဗာပူလ်းအသင်းနဲ့ ၃၇ ပွဲကစားထားပြီးချိန်မှာ ၃၁ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ၉ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အွန်နရီဟာ ဆာလက်နဲ့ပတ်သတ်ပြီး "ကျွန်တော် သူ့ရဲ့လှုပ်ရှားပုံတွေ ကြိုက်ပါတယ်။သူက အမြဲတမ်းနောက်ကနေ ဖြတ်ဝင်ချင်နေတာပါ။ခြေယောင်ပြတာတွေလည်းမရှိဘူး။ပေါင်ကြားထည့်တာမျိုးတွေလည်းမရှိပါဘူး။ဘာအကြောင်းပြချက်မှမရှိဘဲ skill ပြတာတွေလည်းမရှိပါဘူး။သူလာနေတဲ့ အချိန် မင်းအဆင်သင့်မဖြစ်သေးရင် သွားပြီဘဲ။ကျွန်တော်အစကတည်းက ပြောခဲ့ပါတယ်။ဆာလတ်ဟာ ပိုပြီး အကျိုးရှိလိမ့်မယ်လို့ပေါ့။ခင်ဗျားဟာ လီဗာပူး ပရိတ်သတ်တစ်ယောက်ဖြစ်မယ်ဆိုရင် ပျော်ရွှင်သင့်ပါတယ်။ခင်ဗျားမှာ ဖာမီနို၊ဆာလတ်၊မာနေး တို့ရှိနေလို့လေ"ဟုပြောကြားခဲ့ပါတယ်။

source - football cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။