ကြက်ဟင်းခါသီးကို တစ်ချို့ကတော့ ခါးလို့ဆိုပြီးမစားဖြစ်ကြပါဘူး။ ကြက်ဟင်းခါးသီးဟာ သဘာဝကပေးတဲ့ ဆေးဘက်ဝင်အသီးဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါဝင်မှုအရမ်းနည်းပါတယ်။ ဒါပေမဲ့ အာဟာရဓာတ်များစွာပါရှိနေပါတယ်။လူသားတို့အတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓတ်တွေဖြစ်ကြတဲ့ ဗီတာမင် အေ၊ဘီ၊ စီ၊ ပိုတက်စီယမ်၊ တို့စုဝေးစွာပါဝင်ကြပါတယ်။ အမျှင်ဓာတ်တွေကြွယ်ဝတဲ့အပြင် Insulin ဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ Polyprptide ဓာတ်ပါရှိပါတယ်။ 

ပန်းဂေါ်ဖီစိမ်းတွင် ပါဝင်မှုထက် (၂) ဆလောက် ပိုပါခြင်း၊ ဟင်းနုနယ်တွင် ပါဝင်တဲ့ ဓာတ်တွေထက် (၂)ဆလေက်ပိုနေခြင်း၊ ငှက်ပျောသီးတွင်ပါရှိသော ပိုတက်စီယမ် ထက်(၂)ဆလောက်ပါရှိပါတယ်။ ကြက်ဟင်းခါးသီးကို စားပေးခြင်းဖြင့် သွေးကိုသန့်စင်စေ ပါတယ်။အရေပြားများယားယံခြင်းအတွက် ကြက်ဟင်းခါးသီးသတ္တုရည်ကို သံပုရာရည်နှင့် ဆတူရောကာ ရေဆာတိုင်းသောက်ပေးခြင်းဖြင့် ယားယံခြင်းကို သက်သာစေပါတယ်။ကာလဝမ်းရောဂါအတွက် ကြက် ဟင်းခါးပင်ရဲ့အရွက် ကိုသတ္တုရည် (၂)ဇွန်း၊ ကြက်သွန်နီ (၂)ဇွန်း၊သံပုရာရည် (၁)ဇွန်း တို့ဖြင့် ရောစပ်ပြီး ရောဂါမပျေက်မချင်းသောက်ပေးပါ။ 

Insulin ဓာတ်ပါရှိသောကြောင့် သွေးနှင့်ဆီးထဲကို ဂလူးကိုစ်ပမဏ ချပေးပါတယ်။ အခါးမကြိုက်လျင် ပျားရည်(သို့မဟုတ်)မုန်လာဥနီ(သိုမဟုတ်) ပန်းသီးဖျော်ရည် တို့ဖြင့် ရော စပ်သောက်ပေးရင်လည်း အဆင် ပြေစေ ပါတယ်။ ကြက်ဟင်းခါးသီးဟာ သက်လုံကောင်းစေတဲ့ သီးနှံအမျိုး အစားဖြစ်ပါတယ်။ ရင်ပြည့်ရင် ကယ် အစာမကျေသူများ စားသုံးပေးသင့်ပါတယ်။လိပ်ခေါင်းသွေးကျလူနာ များအတွက် ကြက်ဟင်းခါးသီး သ္တုရည် ကို ထောပတ်နှင့် ရောဖျော်ကာ နံနက်အိပ်ယာထတိုင်း (၁)လတိတိ သောက်ပေး ရင် အကျိုးထူး ခံစားရမှာဖြစ်ပါတယ်။  

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။