အစေ့မဲ့ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံက D&T စိုက်ပျိုးရေး လုပ်ငန်းဟာ အခွံခွာရန်မလိုဘဲ အခွံပါ တပါးတည်းစားနိုင်တဲ့ ငှက်ပျောသီးကို စိုက်ပျိုး ထုတ်လုပ်နေပြီလို့ ဂျပန်နိုင်ငံက Sora News 24 ဝက်ဆိုက်က ဆိုပါတယ်။ဒီငှက်ပျောသီးတွေကို 'မွန်ဂီ' ငှက်ပျောသီးလို့ နာမည်ပေးထားပြီး လွန်ခဲ့တဲ့နှစ်ကတည်းက အိုကာယာမာမြို့က ကုန်တိုက်တစ်တိုက်မှာ စတင်ရောင်းချမှုပြုခဲ့ပါတယ်။ 

အခွံကို နူးနူးညံ့ညံ့ဖြစ်အောင် ငှက်ပျောသီးရဲ့ကြီးထွားဆဲလ်တွေကို အနုတ်ခြောက်ဆယ်စင်တီဂရိတ်အထိ တဖြေးဖြေး အအေးဓာတ် ပေးရတယ်လို့ မွန်ဂီငှက်ပျောသီးကို သုသေသနပြုစမ်းသပ်ထုတ်လုပ်လာခဲ့တဲ့ ဆက်ဆူဇိုတာနာကာက ဆိုပါတယ်။ စိုက်ပျိုးရာမှာလည်း သဘာဝဓာတ်မြေဩဇာကိုပဲ သုံးတဲ့အတွက် ဓာတုဓာတ်ပစ္စည်းတွေအန္တရာယ်ကို လုံးဝစိုးရိမ်စရာမရှိဘူးလို့ သူကပြောကြားခဲ့ပါတယ်။

မွန်ဂီငှက်ပျောသီးရဲ့အခွံက စားရတာညက်ပြီး ငှက်ပျောသီးရဲ့အရသာဟာ နာနတ်သီးအရသာ ရေးရေးလေးရှိတယ်လို့ ငှက်ပျောသီးကို စမ်းသပ်စားကြည့်ခဲ့တဲ့ Sora News 24 က Presenter က ဆိုပါတယ်။ ငှက်ပျောသီးတစ်ဖီးကို ခြောက်ရာရှစ်ဆယ့်လေးယန်းဖြစ်တဲ့အတွက် ဈေးကြီးသလိုတော့ရှိတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ မွန်ဂီငှက်ပျောသီးကို ဂျပန်ဈေးကွက်အတွက်ပဲ စိုက်ပျိုးထုတ်လုပ်နေပြီး အနာဂတ်မှာတော့ ပြည်ပကို လှမ်းဖို့ ရည်ရွယ်တယ်လို့ D&T စိုက်ပျိုးရေးလုပ်ငန်းက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Source : Myanmar B2B TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။