ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ အင်္ဂါနေ့ကပြုလုပ်ခဲ့သော ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ မြောက်ကို ရီးယားတို့က နျူကလီးယားစမ်းသပ်လုပ်ဆောင်မှုများကြောင့် ၎င်းတို့အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှု များသည် ဘယ်တော့မှအလုပ်ဖြစ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတထရမ့်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် အကြီးလေးဆုံးသော အရေးယူပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု ပြောဆိုခဲ့အပြီး ရက်ပိုင်းအကြာတွင် ပြုံယမ်းဘက်မှ ယခုလိုမှတ်ချက်ပေးတုန့်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ယမ်းအစီုးရသံတမန် ဟန်တေးဆောင်းကတော့ “အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားပေးမှုတွေဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ဘယ်တော့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ အမေရိကန်တို့အနေနဲ့ နားလည်ထားသင့်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်လာအောင် ကျနော်တို့လုပ်ဆောင်နေတာကို အမေရိကန်က လစ်လျူရှုထားပြီး ရန်စမှု၊ ထိပ်တိုက်တွေ့ဆုံမှုတို့ကိုသာ လိုချင်တယ်ဆိုရင်တော့ မြောက်ကိုရီးယားတို့ကလည်း သေချာပေါက် ပြန်လည်တုံ့ပြန်သွားမှာပါ” လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။

တောင်ကိုရီးယား၌ကျင်းပသော ပြုံချမ်းအိုလံပစ်အားကစားပြိုင်ပွဲကြောင့် ဆိုးလ်နှင့် ပြုံယမ်းအစိုးရကြား တင်းမာ မှုများ သိသိသာသာပြေလျော့သွားခဲ့သော်လည်း ထရမ့်က သူ့အနေဖြင့်မြောက်ပိုင်းအစိုးရအပေါ် ဆက်လက် ဖိအားပေးသွားဦးမည်ဟု ပြောဆိုထားခဲ့ပါတယ်။ဒါ့အပြင် ထပ်တိုးချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အလုပ်မဖြစ်ခဲ့ရင် ကျနော်တို့အဆင့် ၂ ကိုထပ်သွားရပါလိမ့်မယ်။ တကယ်လို့အဆင့် ၂ ကိုရောက်ပြိဆိုရင်တော့ ပိုမိုတင်းကြပ်တဲ့စီမံချက်တွေနဲ့ ပိတ်ဆို့သွားမှာပါလို့သတိပေးပြောကြားခဲ့တယ်လို့သိရပါတယ်။ 

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။