သုသုလို့ချစ်စနိုးခေါ်တက်တဲ့ ညီညီမောင်(စမ်းချောင်း) ကတော့ လူမှုကွန်ရက်သုံးစွဲသူတိုင်း မသိသူမရှိလောက်အောင်ကို အမျိုးစုံသော ကျော်ကြားမှုတွေနဲ့ နာမည်ကြီးနေသူတစ်ယော က်လို့ ပြောနိုင်ပါတယ်။

သူမကိုဝန်းရံကြတဲ့ သူတွေကို ပရိသတ်လို့မသတ်မှတ်ပဲ သူငယ်ချင်းတွေအဖြစ် တရင်းတ နှှီးဆက်ဆံတက်သူမို့ သူမပုံတွေအောက်မှာတော့ တရင်းတနီုးဝင်ရောက်ပြောဆိုသူများနဲ့ အလွန်ကို စည်ကားလှပါတယ်။

သူမရဲ့အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ အလှပြုပြင်ရေးအပြင် လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးများနဲ့ မြင်တွေ့ရတက်သလို ဖွင့်ပွဲအခမ်းအနားတွေမှာလည်း အနုပညာရှင်တွေနဲ့အတူ အရေးတကူဖိတ်ကြားခံရသူအဖြစ် တက်ရောက်လာတာကို တွေ့ရပါတယ်။

သူမတို့တွေက ခွဲစိတ်ပြုပြင်ထားလည်း Lady Boy တစ်ယောက်အဖြစ်ရှိနေတာဖြစ်ပြီး ခံယူ ချက်ကသာ အဓိကကျတာပါလို့ ဆိုပါတယ်။ သူမကတော့ မိန်းမသားတစ်ယောက် ဘဝကို ခံယူထားတာမို့ အိမ်ထောင်ပြုထားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့်သူမတို့နှစ်ဦးရဲ့အချစ်ရေးကတော့ အားကျသူပေါင်းများစွာနဲ့ လိုက်ဖက်ညီတဲ့စုံတွဲ လေးအဖြစ် လူသိများနေတာပဲ ဖြစ်ပါတယ်။

မိန်းမလေးချင်းတောင် အားကျရလောက်တဲ့ သူမရဲ့အနေအထိုင် အပြင်အဆင်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source – Nyi Nyi Maung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။