နာမည်ကျော်ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်လှိုင်တစ်ယောက်ကိုတော့ ပရိတ်သတ်ကြီးတွေအကုန်ချစ်ကြမယ် ထင်ပါတယ်။ ဟာသ ဇာတ်ရုပ်နဲ့ ပရိတ်သတ်တွေရဲ့ ရယ်မောပျော်ရွှင်မှုတွေကို အမြဲလိုလိုဖော်ဆောင်ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အောင် မြင်မှုတွေနဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ရပ်တည်နေတာဟာ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ 

ဝါရင့်သရုပ်ဆောင်ခင်လှိုင်တစ်ယောက်ကတော့ အကယ်ဒမီဆုမရရှိသေးပေမယ့် ပရိတ်သတ်တွေရင်ထဲကပေးတဲ့အကယ်ဒမီဆုကိုတော့ နှစ်တိုင်းလိုလိုဆွတ်ခူးနိုင်တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အကယ်ဒမီဆိုတာဟာ အနုပညာရှင်တွေရဲ့ အောင်မြင်ခြင်းအထိမ်းအမှတ်လေးတစ်ခုဖြစ်တဲ့အတွက် အနုပညာရှင်တိုင်းဟာ မက်မောလိုချင်ကြပါတယ်။ ဒီနှစ်မှာတော့ဇာတ်ကားကောင်းများစွာ သရုပ်ဆောင်ကောင်းများစွာရှိနေတဲ့အတွက် ဒီနှဏ်အကယ်ဒမီပွဲက ရင်ခုန်စရာကောင်းလှတယ်လို့လည်း ပြောကြားထားတာသိရပါတယ်။

ခင်လှိုင်မှာ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်လည်းပိုင်ဆိုင်ထားပါသေးတယ်။ မကြာခင်မှကျင်းပတော့မယ် အကယ်ဒမီပေးပွဲကြီးမှာတော့ ချစ်ပရိတ်သတ်ကြီးတို့လည်း ဦးခင်လှိုင်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်နော်။ သရုပ်ဆောင်ခင်လှိုင်ကို စောင့်မျှော်အားပေးကြပါအုံးနော်။ 

PHOTO - kHIN HLAING

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။