ဆွစ်ဇာလန်နိုင်ငံမှာ ဂျနီဗာမြို့မှာကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးဖိုရမ်မှာပြောကြားခဲ့တာပါ။ ဖောဖော်ဝါရီ (၂၇) ရက်နေ့ အဂါၤနေ့က ကျင်းပတဲ့ပွဲမှာ နျူကလီးယား စမ်းသပ်မှုတွေကြောင့်၎င်းတို့နိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုတွေဟာ အလုပ်ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကြားသွားတာဖြစ်ပါတယ်။

“အရေးယူပိတ်ဆို့မှုတွေနဲ့ ဖိအားပေးမှုတွေဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ဘယ်တော့မှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ အမေရိကန်တို့အနေနဲ့ နားလည်ထားသင့်ပါတယ်” ဟု ပြုံယမ်းအစိုးရသံတမန် ဟန်တေးဆောင်းက ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ ပြောကြားခဲ့ပါတယ်။ 

အမေရိကန်သမ္မတထရမ့်က မြောက်ကိုရီးယားနိုင်ငံအပေါ် အကြီးလေးဆုံးသော အရေးယူပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု ပြောဆိုခဲ့အပြီး ရက်ပိုင်းအကြာတွင် ပြုံယမ်းဘက်မှ ယခုလိုမှတ်ချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

မြောက်ကိုရီးယားသံအမတ်များနှင့် အမေရိကန်သံတမန်များသည် ဂျနီဗာမြို့ရှိ လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ ထပ်ခါတလဲလဲ စကားနိုင်လုပြောဆိုခဲ့ကြပါတယ်။

“ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်လာအောင် ကျနော်တို့လုပ်ဆောင်နေတာကို အမေရိကန်က လစ်လျူရှုထားပြီး ရန်စမှု၊ ထိပ်တိုက်တွေ့ဆုံမှုတို့ကိုသာ လိုချင်တယ်ဆိုရင်တော့ မြောက်ကိုရီးယားတို့ကလည်း သေချာပေါက် ပြန်လည်တုံ့ပြန်သွားမှာပါ” ဟု ဟန်က ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယား၌ကျင်းပသော ပြုံချမ်းအိုလံပစ်အားကစားပြိုင်ပွဲကြောင့် ဆိုးလ်နှင့် ပြုံယမ်းအစိုးရကြား တင်းမာ မှုများ သိသိသာသာပြေလျော့သွားခဲ့သော်လည်း ထရမ့်က သူ့အနေဖြင့်မြောက်ပိုင်းအစိုးရအပေါ် ဆက်လက် ဖိအားပေးသွားဦးမည်ဟု ပြောဆိုထားခဲ့ပါတယ်။

ဒါ့အပြင်သူက “တကယ်လို့ ထပ်တိုးချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အလုပ်မဖြစ်ခဲ့ရင် ကျနော်တို့ အဆင့် ၂ ကို ထပ်သွားပါမယ်။ အဆင့် ၂ ဟာ ပိုမိုတင်းကြပ်တဲ့ စီမံချက်ဖြစ်လာမှာပါ” ဟု သတိပေးထားခဲ့ပါတယ်။

အင်္ဂါနေ့ကပြုလုပ်ခဲ့သော လက်နက်ဖျက်သိမ်းရေးဖိုရမ်၌ ဝါရှင်တန်သံအမတ် ရောဘတ်ဝုဒ်က အမေရိကန် ပြည်ထောင်စုအနေဖြင့် မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားပိုင်ဆိုင်သော နိုင်ငံတစ်ခုအဖြစ် ဘယ်တော့မှ လက်ခံသွားမှာ မဟုတ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

“ဒီလိုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ရောဘတ်ဝုဒ်က ဟန်၏ ခြိမ်းခြောက်ပြောဆိုမှုကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ပြောဆိုခဲ့ပါတယ်။ 

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။