အမေရိကန်နိုင်ငံရဲ့အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဖြစ်တဲ့ ဂျရက် ခက်ရှ်နာဟာ ခုချိန်မှာ အိမ်ဖြူတော် ထိပ်တန်းအဆင့် လျှို့ဝှက်အချက်အလက်များ ရယူအသုံးပြုခွင့်ကိုပိတ်ပင်ခံထားရတယ်လို့သိရပါတယ်။အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ခက်ရှ်နာကတော့ သမ္မတ ထရမ့်ရဲ့ သမက်တော်စပ်သူတစ်ဦးလဲဖြစ်ပါတယ်။

၎င်းပိတ်ပင်ခံရမှုနဲ့ပတ်သတ်ပြီး အိမ်ဖြူတော်သာမက သမ္မတထရမ့်ကိုယ်တိုင်ကပါ မှတ်ချက်ပေးပြောဆိုဖို့ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။ ထိုပိတ်ပင်ခံရမှုဟာတော့ ခက်ရှ်နာရဲ့ လက်ရှိအခန်းကဏ္ဍအပေါ် ထိခိုက်စေခြင်းမရှိဘူးလို့လဲသိရပါတယ်။ 

ခုလိုမျိုး အမေရိကန်အစိုးရ ထိပ်တန်း လျှို့ဝှက်အချက်အလက်တွေ အသုံးပြုခွင့် လက်လွှတ်ထားခဲ့ရမှုကြောင့် ယခုအခါမှာတော့ ခက်ရှ်နာရဲ့ အိမ်ဖြူတော်တွင်း သြဇာသက်ရောက်မှု အနေအထားကတော့ သံသယတွေများစွာဖြစ်ပေါ်လာစေခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ရဲ့ သမီးဖြစ်တဲ့ အိုင်ဗန်ကာ ထရမ့်နဲ့ လက်ထပ်ထားသူ ခက်ရှ်နာအနေနဲ့ကတော့ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့မှာ အဓိကကျတဲ့နေရာကနေ ပါဝင်ထားခဲ့သလို ထရမ့် သမ္မတဖြစ်လာချိန်မှာလည်း ၎င်းရဲ့ ထိပ်တန်းအကြံပေးတစ်ဦးအဖြစ် ပါဝင်နေလျက်ရှိသူ ဖြစ်တယ်လို့လဲသိရပါတယ်။ 

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။