ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံချင်းမတူညီကြပါဘူး။ လူတိုင်းသိပါတယ်။ ဓမ္မတာစမလာတော့ပါဘူး။တစ်ခုသတိထားရမှာကတော့ မျိုးဥဟာသားအိမ် အတွင်းဆုံး အလွှာကို တွယ်ကပ်တာကြောင့် သွေးနဲနဲတော့စွန်းပါလိမ့်မယ်။ ပြီးတော့ ဆီးစပ်နေရက နည်းနည်းနာသလို ခံစားရပါလိမ့်မယ်။ မျိုးဥထွက်တဲ့ချိန် (၆-၁၀) ရက်လောက်မှာဖြစ်တတ်ပါတယ်။ကိုယ်ဝန်ရှိနေတဲ့ သူဟာမိမိ ကိုယ်ကို ကိုယ်ဝန်ရှိတယ်လို့ခံစားရပါလိမ့်မယ်။

ပြီးတော့ ပျို့အန်ခြင်း၊ အစား စားချင်စိတ်မရှိခြင်း၊ အတူနေချင်စိတ်ပြောင်းလဲလာခြင်း၊ ရင်သားတွေ နာလာခြင်း၊ ရင်သားပိုမို ကြီးထွားလာ ခြင်း၊ ညှစ်လိုက်ရင် နို့ရည်ကြည်နဲနဲထွက်လာခြင်း၊ ဆီးခဏခဏ သွားချင်လာခြင်း၊ ဒီလက္ခဏာတွေဟာ ကိုယ်ဝန်ဆောင်ပြီး အများစုက (၆-၈)ပတ်လောက်မှာဖြစ် တတ်ကြပါတယ်။ သတိထားရမှာကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးချိုရောဂါ ဝေဒနာခံစားနေရရင် လည်း ဆေးတွေကြောင့် ဆီးသွားချင် နေတတ်ပါလိမ့်မယ်။

ချင်ခြင်းတပ်ခြင်း၊ အသားရေပြေင်းလဲလာခြင်း၊ ခေါင်းမှုးချင်သလိုဖြစ်ခြင်း၊ ဆီး-သွေးစစ်လျင်အပေါင်းပြခြင်း၊ ဗိုက်ကြောပြတ်ခြင်း၊ ဓာတ်မှန်ရိုက်ရင် မြင်ရခြင်း၊သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပတ်ကနေစပြီး ဆီးစပ် နေရာကနေ သားအိမ်အမြင့်ကို စမ်းလို့ရခြင်း၊ ပြီးတော့ ခေါင်းကိုက်ခြင်း၊ စိတ်တိုခြင်း၊ ဝမ်းချုပ်ခြင်းလည်းဖြစ် တတ်ပါတယ်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။ 

Source : Dr တင့်ဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။