အနုပညာလောကကနေ ရှစ်နှစ် ကိုးနှစ်နီးပါးပျောက်ကွယ်သွားခဲ့ပေမယ့် ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာတော့ Mister Tourism ဆုအပြင် မေထုန်ရာသီဖွားဇာတ်ကားနဲ့ ပရိသတ်တွေဆ ီပြန်လည်ရောက်ရှိလာတာကတော့ သရုပ်ဆောင် ဥက္ကာမင်းမောင်ပဲဖြစ်ပါတယ်။

မကြာသေးခင်က ရုံတင်ခဲ့တဲ့ လိင်တူချင်းစိတ်ဝင်စားတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ဥက္ကာမင်းမောင်ကနေ လိင်တူလိင်ကွဲစိတ်ဝင်စားမှုတွေအပေါ် သူ့ရဲ့အမြင်ကို ယခုလိုပြောကြားခဲ့ပါတယ်။

" ဒါဟာ ရောဂါတစ်ခုမဟုတ်ဘူး။ ဒါသည် Sexual Preference ပေါ့နော်၊ ယောကျ်ားယောကျ်ားချင်းပဲဖြစ်ဖြစ်၊ မိန်းမမိန်းမချင်းပဲဖြစ်ဖြစ်၊ သူတို့ရဲ့ Opposive Sex ထက် Same Sex သူတို့ရဲ့ ကိုပိုပြီးစိတ်ဝင်စားလို့ ဖြစ်တာလေ။ ဒါသူတို့တွေအနေနဲ့ချစ်ချင်လို့ချစ်တာ။ လူတိုင်းမှာ လူ့အခွင့်အရေးတန်းတူပဲ ချစ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ကတော့ လက်ခံတယ်။ အားလည်းအားပေးတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း အများကြီးပဲ။ တချို့တွေကျတော့လည်း ပတ်ဝန်းကျင်အရ၊ အသိုင်းအဝိုင်းအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာတရားအရ၊ အဲလိုဖြစ်လို့မရတဲ့ဟာတွေရှိတယ်။ သူတို့အနေနဲ့နေထိုင်ရတဲ့ ဘောင်လေးထဲမှာ လူ့အသိုင်းအဝိုင်းထဲမှာ အဆင်ပြေစွာနေထိုင်နိုင်ဖို့ပဲ လိုတာပေါ့နော်။ "

" ဒါပေမဲ့ လူတိုင်းကတော့ ကိုယ်ပျော်ရွှင်တဲဲ့ဘဝမှာ ကိုယ်နေချင်တဲ့ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ဘဝမှာ ကိုယ်ချစ်တဲ့သူနဲ့တော့ ကိုယ့်ဘဝကြီးအဆုံးမသတ်ခင်မှာတော့ နေထိုင်ခွင့်ရတာတော့ကောင်းတာပေါ့။ ကျွန်တော်ကတော့ ဘယ်သူပဲဖြစ်ဖြစ်အားပေးတယ်။ ကိုယ့်သူငယ်ချင်းတွေထဲမှာလည်း ပထမက ယောကျ်ားပေါ့၊ နောက်တော့လည်း Gay ဖြစ်သွားတယ်။ ဖြစ်သွားလည်းဖြစ်ပေါ့။ ကိုယ်ကတော့ နားလည်ပေးတယ်။ မိန်းကလေးဆိုလည်း ကျွန်တော့် Straight သူငယ်ချင်းတွေ အများကြီးပဲ။ အဲဒီတော့ လူတစ်ယောက်အောင်မြင်ဖို့၊ ဖြစ်ခြင်းမဖြစ်ခြင်းနဲ့မဆိုင်ဘူး။ လူတစ်ယောက် ဘယ်လောက်ထိကြိုးစားလဲ၊ လူတွေအပေါ် ဘယ်လောက်ထိကောင်းကြိုးပြုလဲက ပိုအရေးကြီးတယ်။ ဒါကတော့ လူအပေါ်မှာပဲမူတည်တယ်။ ဒါကြောင့် လူ့အသိုင်းအဝိုင်းကြီးမှာ မျိုးတုန်းပျောက်ကွယ်တယ်ဆိုတာလည်းရှိမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ သူတို့ကို Support လုပ်တဲ့အတွက် မေထုန်ရာသီရာသီဖွားကိုတောင်မှ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ရိုက်ခဲ့ပြီးပါပြီ။"

Source : MODA interview

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။