ဖေဖော်ဝါရီလ ၂၇ ရက်၊ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင်ကြောက် မက်ဖွယ် အဆိပ်သင့်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ အဆိပ်သင့်မှုကြောင့် လူ ၁၁ ဦးဖျားနာမှု ဖြစ်ခဲ့ရတယ်လို့ ဗာဂျီးနီးယားပြည်နယ်ဆေးရုံမှ ဆရာဝန်တစ်ဦးကပြောပါတယ်။ဖြစ်စဉ်မှာတော့ အမျိုးအမည် မသိပစ္စည်းများ ပါဝင်တဲ့ သံသယရှိဖွယ် စာအိတ်တစ်အိတ် ဖွင့်ဖောက်ခဲ့ရာမှ အခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံ အာဏာပိုင်များကပြောပါတယ်။ 

အဆိုပါ ကြောက်မက်ဖွယ် အဆိပ်သင့်မှုကတော့ Henderson Hall အခြေစိုက်စခန်းရှိ အုပ်ချုပ်ရေးမှူး အဆောက်အအုံတွင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။၎င်းHenderson Hall အခြေစိုက်စခန်းကတော့ ယခင်က Fort Myer အခြေစိုက်စခန်းလို့ လူသိများခဲ့တဲ့ စစ်အခြေစိုက်စခန်းတစ်လည်းဖြစ်ပါတယ်။အဆိုပါ ဖြစ်စဉ်နှင့်ပတ် သတ်ပြီးလည်း အာလင်တန်နယ်မြေ မီးသတ်ဋ္ဌာနက တွစ်တာအကောင့်တွင် ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိပ်သင့်မှုကြောင့် လူ(၁၁)ဦးဖျားနာမှုဖြစ်ပွားခဲ့ပြီး လူ(၃)ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့အဆိပ်သင့်မှုအခြေအနေတွေ တည်ငြိမ်လာပြီဖြစ်ကြောင်း မီးသတ်ဋ္ဌာနက တွစ်တာ အကောင့်တွင်နောက်ဆက်တွဲ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။