ဒီခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ ဟုတ်ရဲ့လားဆိုတဲ့ အတွေးတွေ သင့်ခေါင်းထဲရောက်လာမယ် ဆိုတာ သိပါတယ်။ ဒါကတော့ တကယ်လက်တွေ့တွင် အီရစ်ထရေအာနိုင်ငံမှာ အမှန် တကယ်ကိုရှိတဲ့ ဥပေဒေတစ်ရပ်ပါ။

လူဦးရေ ၄သန်းခန့်ရှိတဲ့ သူတို့နိုင်ငံအတွက် အစိုးရကတော့ မိန်းမနှစ်ယောက်ယူဖို့ကို ဖိအားပေးနေပြီး မင်္ဂလာဆောင်စရိတ်ကိုလည်း အနည်းအကျဉ်းထောက်ပံ့သွားမှာပဲ ဖြစ်ပါတယ်။

သူတို့နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်းမှာ စစ်သည်ပေါင်း ၁၅၀၀၀၀ ကျော် ကျဆုံး ခဲ့သလို အရပ်သားများစွာလည်း ဆုံးရှုံးမှုများ ရှိခဲ့ပါတယ်။

ကျရှုံးခဲ့တဲ့စစ်သည်များနဲ့ အရပ်သားများအတွက် အမျိုးသားတွေဟာ ရှားပါးသထက် ရှားပါးလာပြီး နိုင်ငံအတွင်းမငြိမ်သက်တဲ့ စစ်ပွဲတွေကြောင့်လည်း နေရပ်ကိုစွန့်ခွာထွက်ပြေး လာတဲ့ အမျိုးသားများစွာ ရှိလာပါတယ်။

ဒါကြောင့် လူဦးရေတိုးပွားမှုဟာ သူတို့နိုင်ငံအတွက် အရေးပါလာတဲ့ နေရာတစ်နေရာကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။