နာမည်ကျော်တချို့ပါဝင်ကြတဲ့ အခွန်လိမ်လည်မှုကြီးတစ်ခုကို ဖော်ထုတ်ရန်ကြိုးပမ်းခဲ့တဲ့ ဂျာနယ်လစ်တစ်ဦး အသတ်ခံရမှုကို ဆလိုဗက်ကီးယား ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂျန် ကက်စီယက်ခ် ဆိုသူ သတင်းထောက်နှင့် ၎င်း၏ ချစ်သူအမျိုးသမီး မာတီနာ ကူစ်နီရိုဗာတို့နှစ်ဦး၏ ရုပ်အလောင်းများကို ဆလိုဗက်ကီးယားမြို့တော် ဘရက်တီစလာဗာ ၏ အရှေ့ဘက် မိုင် ၄၀ အကွာ ဗယ်လ်ကာ မာကာ ကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။ 

ယခု လူသတ်မှုဖြစ်စဉ်တွင် ဂျာနယ်လစ်တစ်ဦး၏ စုံစမ်းဖော်ထုတ်ရေးသားမှုကို နှုတ်ပိတ်အစဖျောက်လိုသည့် ရည်ရွယ်ချက် ရှိနေနိုင်ကြောင်း ဆလိုဗက်ကီးယားရဲတပ်ဖွဲ့မှ ရဲမှူး တီဘာ ဂက်စ်ပါက ပြောသည်။

သတင်းထောက် ကက်စီယက်ခ်ကို ရင်ဘက်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေလျက် တွေ့ရှိခဲ့ရပြီး ၎င်း၏ချစ်သူအမျိုးသမီးကိုတော့ ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ရကြောင်း ဂက်စ်ပါက ပြောသည်။

ယခုအခါ ၎င်းသတင်းထောက် အသတ်ခံရမှုတွင် ကျူးလွန်သူ တရားခံများနှင့်ပတ်သက်၍ ကူညီသတင်းပေးနိုင်မည့်သူကို ယူရို တစ်သန်း ဆုငွေပေးမည်ဟု ဝန်ကြီးချုပ် ရောဘတ် ဖီကိုက ပြောထားသည်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။