ဘောလီးဝုဒ်ရဲ့ ဂန္တဝင် ရုပ်ရှင် မင်းသမီး စရီးဒေဝီဟာ အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၄)ရက် စနေနေ့က ရုတ်တရက် ကွယ်လွန်ဆုံးပါး သွားခဲ့ပါတယ်..။

မင်းသမီး စရီးဒေဝီ ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းဟာ တောမီးပမာပဲ နိုင်ငံတကာကို ပျံ့နှံ့သွားခဲ့ပြီး အိန္ဒိယနိုင်ငံနဲ့ ဘောလီးဝုဒ်ရုပ်ရှင်လောကအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့ပါတယ်..။

သူမရဲ့ ဈာပနအခမ်းအနားပွဲကိုတော့ ယနေ့ ဖေဖော်ဝါရီ(၂၈)ရက်နေ့မှာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဈာပနအခမ်းအနားပွဲကိုလည်း နိုင်ငံကျော် အနုပညာရှင်များတတ်ရောက်ခဲ့ပါတယ်..။

ဘောလီးဝုဒ်ရဲ့ ကမ္ဘာကျော်စတားတွေ ဖြစ်တဲ့ Kajol, Aishwarya Rai Bachchan, Tabu, Sushmita Sen, Madhuri Dixit, Sriram Nene, Akshaye Khanna, Sonam Kapoor, Hema Malini, Esha Deol, Anand Ahuja, Ajay Devgn, Arbaaz Khan တို့နဲ့ အခြား အနုပညာရှင်များစွာလည်း တတ်ရောက်ခဲ့ကြပါတယ်..။

အသက် ၅၄ နှစ်အရွယ် မင်းသမီး စရီးဒေဝီဟာ ဒူဘိုင်းမြို့ကို ခင်ပွန်း၊ သမီးအငယ်တို့နဲ့အတူ မင်္ဂလာဧည့်ခံပွဲတစ်ခု တက်ရောက်ဖို့ရောက်ရှိနေတာဖြစ်ပြီး နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေမှာ ကနဦး ဖော်ပြခဲ့ပါတယ်..။

ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာတော့ နှလုံးရောဂါနဲ့ ကွယ်လွန်တာ မဟုတ်ဘဲ စနေနေ့ (ဖေဖော်ဝါရီလ ၂၄)ရက် ညက သူမဟာ အရက်သောက်ထားတဲ့ လက္ခဏာမျိုးစစ်ဆေးတွေ့ရှိရပြီး ရေချိုးကန်ထဲကို အမှတ်တမဲ့ ချော်ပြီး ပြုတ်ကျရာကနေ ရေနစ်သေဆုံးတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သူမရဲ့ သေဆုံးမှုကို အတည်ပြု ပြောကြားခဲ့ပါတယ်..။

Source - Femina

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။