မြတ်သူသူဇင်ဆိုတဲ့ ဒီနဂါးမလေးကတော့ ပရိသတ်ကြီးမေ့သွားမှာ စိုးရိမ်နေပါတယ်။ လက်ရှိမှာတော့ ပရိသတ်ကြီးရှေ့ကို အသစ်သစ်သောဖန်တီးမှုများနဲ့အတူ ရောက် လာဖို့အတွက် ကြိုးစားလို့နေပါတယ်။

ဒါကြောင့် ပရိသတ်ကြီးအလွမ်းပြေအောင် Forever Staff Party က အလှနတ်သမီးလေးဖြစ် ခဲ့တဲ့ သူမလေးရဲ့ ပုံကလေးတွေကို ဒီလိုပဲ စုစည်းထားပါတယ်နော် ။

Forever Group ရဲ့မင်းသမီးချောလေးမို့ ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်ခဲ့ ပေမယ့်လည်း “ ရတနာထဲက ရတနာ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာတော့ ပရိသတ် အကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။

တခြားသောဇာတ်လမ်းများနဲ့မတူဘဲ ကွဲထွက်နေတဲ့ ဒီဇာတ်လမ်းထဲမှာ သူမကအချစ်ကြီး တဲ့နဂါးမလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရင်း ပရိသတ်တွေမမေ့နိုင်အောင် လုပ်ခဲ့ပါ တယ်။

အနုပညာလောကထဲကိုမဝင်ခင်ကတော့ သူမကကျူရှင်ဆရာမတစ်ယောက်ပါ။ ရွှေပုပ္ပါး ဦးအုန်းခိုင် သင်တန်းကနေမှတဆင့် အနုပညာလောကထဲ ခြေစုံဝင်ရောက်လာလာကာ သူမရူးသွပ်တဲ့ သရုပ်ဆောင်အလုပ်တွေကို အစပြုခဲ့ပါတယ်။

နောက်ထပ် အသစ်တွေအတွက် အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ သူမကိုလည်း အားပေး လိုက်ရ အောင်နော် ပရိသတ်ကြီး ။

Source – Myat Thu Thu Zin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။