နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ M Seng Lu တစ်ယောက် VIVID Fashion Show ပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို Facebook မှာ တင်လိုက်ပါတယ်။ သူမရဲ့အလှအပက တကယ်ကိုရူးသွပ်ချင်စရာကောင်းလှပါ တယ်။ သူမဟာအောင်မြင်တဲ့ မော်ဒယ်တစ် ဦးဖြစ်သလို ပရိတ်သတ် အားပေးမှု အပြည့် အဝရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ စွဲမက်ဖွယ် ပုံစံလေးကြောင့် ပရိတ် သတ်တွေက ပိုမိုအားပေးချစ်ခင်ခြင်းကို ခံရတဲ့ ချစ်စဖွယ် တိုင်းရင်းသူမော်ဒယ်လေးပါပဲ။

သူမရဲ့ ပွဲတက်ဖက်ရှင်ကတော့ စစ်စိမ်းရောင် Evening Grown ကို အလှပဆုံးဝတ်ဆင် ထားပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးထား တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့ သူမရဲ့ ပုံစံလေးတွေကြောင့် ပရိတ်သတ်အများစု ဝန်းရံခံရတဲ့ Celebrity တွေထဲမှာ တစ် ယောက် အပါ အဝင်ပါဖြစ်နေပါတယ်။ သူမပါဝင်သရုပ်ဆောင် ထားတဲ့ ဝေလရဲ့ သီချင်း MTV ဟာလည်း ပရိတ်သတ်အကြိုက်တွေထဲကတစ်ခုပါပဲ။

သူမရဲ့ပွဲတက်ဖက်ရှင်တွေကို " VIVID glam night လေးတစ်ခုပါ " ဆိုပြီးရေးတင်ထားတာ ဖြစ်ပါတယ်။ ပြောစရာမလိုအောင်လှပလွန်းတဲ့ သူမရဲ့ ပွဲတက် ဖက်ရှင်ပုံရိပ်တွေက ပရိတ် သတ်တွေရဲ့ အချစ် ကိုပိုမိုဆွဲဆောင်လိုက်သလိုပါပဲ။ တကယ် ကိုလှပလွန်းတဲ့ တိုင်းရင်း သူလေး Mဆိုင်းလုရဲ့ အလှပဆုံး ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်နော်။

Photo – M Seng Lu’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။