ပရိသတ်တွေအကြိုက်ဆုံး သရုပ်ဆောင်အဆိုတော်တွေကို တစ်နေရာထဲ တွေ့နိုင်မယ့် Showကတော့ Let's go to China ပဲဖြစ်ပါတယ်။

Let’s go to China With Ve Ve ရုပ်သံအစီအစဉ်ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၅ရက်နေ့မှ ၂ရရက်နေ့အထိ၊ တရုတ်နိုင်ငံသို့ သွားရောက်ရိုက်ကူးမည်ဖြစ်သည်။ အဆိုပါရိုက်ကူးမှုတွင် အဖွဲ့ဝင် ၂၀ ဦး နှင့်အတူ ဒါရိုက်တာ ဝင်းလွင်ထက်မှ ပုံဖော်ရိုက်ကူးသွားမည်ဖြစ်သည်။ Let’s go အဖွဲ့ဝင်များကတော့ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ၊ Bobby Soxer တို့ဖြစ်ပြီး၊ ဧည့်သည်အဖြစ်ပါဝင်ပေးမည့် အနုပညာရှင်များကတော့ မင်းသွေး၊ အလင်းရောင်၊ ခင်လေးနွယ်၊ ခင်ဝင့်ဝါ၊ ၀ိုင်းလေးတို့က ပါဝင်အားဖြည့်ပေးသွားမည်ဖြစ်သည်။

ရိုက်ကူးရေးတစ်လျှောက်တွင်လည်း သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အပါအဝင် တရုတ်ပြည်၏ လည်ပတ်စရာ ရှုခင်းအလှများကိုလည်း ဗွီဒီယိုရိုက်ကူး၍တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။