တုတု လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ ပရိသတ်တွေ အမြဲ အားပေးချစ်ခင်နေရတဲ့ မင်းသမီးချောလေး တစ်လက်ပဲ ဖြစ်ပါတယ်..။

သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အမြဲမျှဝေလေ့ရှိတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေ လွမ်းနေမှာစိုးလို့ ပုံလေးတွေတင်ပေးလိုက်ပြန်ပါပြီ..။

ရိုးရိုးယဉ်ယဉ်လေးနဲ့ မြန်မာဆန်ဆန်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဆယ်ဖီရိုက်နေတဲ့ သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာပါ..။

သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဓာတ်ပုံလေးတွေနဲ့အတူ “လွမ်းနေကြတယ်ဆိုလို့ ပုံလေးတွေလာတင်ပေးတာ..” ဆိုပြီး ရေးသားမျှဝေလိုက်တာ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာ ပရိသတ်တွေကလည်း အခုမှပဲ အလွမ်းပြေတော့တယ်ဆိုပြီး Comment များပေး ရေးသားထားကြတာ တွေ့ရပါတယ်..။

အမြဲတမ်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်တဲ့ သူမတော့ အခုတစ်ခေါက်မှာလည်း မြန်မာဝတ်စုံလေးကို ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်ထားပြီး မဟာဆန်တဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါပြီ..။

သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ချစ်စဖွယ် အမူအရာလေးတွေနဲ့အတူ အပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်တွေကတော့ အမြဲ အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်..။

Source - ဆောင်းဝတ်ရည်မေ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။