ချစ်သူသက်တမ်းတစ်ခုမှာ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတဲ့ အဆိုတော် အာဘွိုင်းနဲ့ မော်ဒယ်လ်မြတ်ရတာနာကျော်တို့ ဇနီးမောင်နှံဟာ ပရိသတ်တွေကြား ရေပန်းစားလှပါတယ်။ ခမ်းနားလှတဲ့ မင်္ဂလာပွဲကြီးကို အင်းလေးမှာကျင်းပခဲ့ပြီး နှစ်ဖက်မိဘတွေနဲ့အတူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအတော်များများလည်း တက်ရောက်ခဲ့ကြပါတယ်။ မင်္ဂလာအကြိုဓာတ်ပုံတွေနဲ့ မင်္ဂလာဆောင်ပုံရိပ်တွေကတော့ အများအားကျရလောက်အောင် လှပခမ်းနားခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့ဇနီးမောင်နှံဟာ မကြာခင် မိသားစုဘဝလေးကို ပိုင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ဇနီးမဗိုက်လေးကိုတော့ ခင်ပွန်းဖြစ်သူက အတော်လေးဂရုစိုက်ပြီး ချစ်ခင်ကြင်နာတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်က (၂၃) နှစ်ပြည့်ခဲ့တဲ့ ဇနီးသည်အတွက်လည်း နှစ်ကိုယ်တူမွေးနေ့လေးပြုလုပ်ခဲ့ပြီး နာမည်ကြီး Brand Versace အိတ်လေးကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

ကမ႓ာကျော် brand တစ်ခုဖြစ်တဲ့ Versace ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Versace Palazzo Empire Shoulder Bag အဖြူလေးကို လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီး ဒီအိတ်ရဲ့ ကာလပေါက်စျေးဟာ အမေရိကန်ဒေါ်လာ ၃၆၂၅ ရှိတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။ ကဲ အသက် (၁၀) နှစ်ကွာပေမဲ့လည်း တကယ်ကိုချစ်ဖို့ကောင်းပြီး လိုက်ဖက်တဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်......

Photo: Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။