နာမည်ကြီး အနုပညာရှင်မျိုးရိုးကဆင်းသက်လာသူဖြစ်သလို ကိုယ်တိုင်ကလည်း အောင်မြင်နေတဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင် ဒီဒီးကတော့ မကြာခင်မှာ လက်ထပ်တော့မှာ ပရိသတ်ကြီး သိပြီးဖြစ်မှာပါ။ အနုပညာသက်တမ်းတစ်ခုရှိနေပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့သူမဟာ သရုပ်ဆောင်ပိုင်းကနေ အဆိုတော်ဘက်ကို ကူးပြောင်းသွားခဲ့ပေမယ့် အောင်မြင်မှုတွေကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

အချစ်ရေးနဲ့ပတ်သတ်လို့ ကောလဟာလတွေထွက်ဖူးခဲ့ခြင်းမျိုးမရှိဘဲ အိမ်ထောင်ပြုမယ့်သတင်းကို ရုတ်တရက်ကြေငြာလိုက်တာကလည်း ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။ သူမရဲ့ ချစ်သူက သူမထက်နည်းနည်း အသက်ငယ်တယ်လို့ သိရပြီး ပရိသတ်တွေကြား သူမတို့စုံတွဲကတော့ ရေပန်းစားလှပါတယ်။ သူမရဲ့ ခင်ပွန်းလောင်းဟာလည်း မော်ဒယ်လ်တစ်ဦးထင်မှတ်ရလောက်အောင် ခန့်ညာချောမောသူတစ်ဦးဖြစ်တယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပေးကြပါတယ်။ 

ဒါ့အပြင် သူမရဲ့ ချစ်သူဟာ သူမကို အရမ်းချစ်တယ်လို့ သိရပြီး သူ့ရဲ့ instagram အကောင့်မှာလည်း ချစ်သူ ဇနီးလောင်း စန္ဒီမြင့်လွင်တစ်ယောက်တည်းကိုသာ follow လုပ်ထားတာတွေ့ရပါတယ်။ အမျိုးသမီး အများစုကတော့ ကိုယ့်ချစ်သူ အခြားကောင်မလေးတွေ ဓာတ်ပုံတွေကြည့်ပြီး Love လုပ်တတ်တဲ့ရည်းစားကို သဝန်တိုတတ်ကြပေမဲ့ ဒီဒီးကတော့ သဝန်တိုစရာတောင်မလိုဘဲ ချစ်တတ်တဲ့ ချစ်သူကို ရထားတာပါပဲ ပရိသတ်ကြီးရေ....

Photo: Thiha Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။