အသက်ကြီးတဲ့သူမှမဟုတ်ပါဘူး၊ အသက်ငယ်တဲ့သူတစ်ချို့မှာလဲ အရေးကြောင်းရေးရေးလေးတွေတွေ့နေရပါတယ်။ ဒီအရေးအကြောင်းတွေဖျောက်ဖို့ အောက်ပါနည်းလမ်းတွေကို သုံးနိုင်ပါတယ်။

၁။ ရေဓာတ်ဖြည့်တင်းပါ။

ရေဓာတ်ပါတဲ့ Moisturizer ဒါမှမဟုတ် Eyes cream လိမ်းပေးပါ။သဘာဝပစ္စည်းတွေဖြစ်တဲ့ သခွားသီး၊ရှားစောင်းလက်ပတ်၊အာလူးနဲ့ကပ်ပေးတာမျိုးလည်းလုပ်ပေးနိုင်သလိုအအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်နဲ့လည်း မျက်ဝန်းတစ်ဝိုက်ကိုကပ်ပေးနိုင်ပါတယ်။ဒါဟာအရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်သလိုအမြင်အာရုံကောင်းမွန်ဖို့အတွက်လည်း အထောက်အကူပေးပါတယ်။

၂။ အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးဝဝအိပ်စက်ခြင်းက သင့်အတွက်ခွန်အားသစ်တွေများစွာ ပေးနိုင်သလို သင့်မျက်ဝန်းကိုကြည်လင်တောက်ပစေပြီးမျက်ဝန်းနားက အရေးအကြောင်းတွေ ဖြစ်မလာအောင်ကာကွယ်ပေးနိုင်ပါတယ်။

၃။ ရေများများသောက်ပါ။

ရေသောက်တာဟာ ကျန်းမာရေးအတွက် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုဆိုတာအားလုံးသိကြမှာပါ။ရေဓာတ်ခမ်းခြောက်တာကြောင့် မျက်ဝန်းတစ်ဝိုက်မှာအရေးအကြောင်းတွေပေါ်လာတတ်ပါတယ်။ဒါကြောင့်ရေဓာတ်ပြည့်ပြည့်ဝဝရနေဖို့လိုအပ်ပါတယ်။

၄။ အာဟာရဖြည့်တင်းပါ။

မျက်စိကျန်းမာရေးအတွက်အစားအစာစားတဲ့နေရာမှာလည်းအာဟာရမျှတအောင်စားဖို့လိုအပ်သလိုကွန်ပျူတာ၊ဖုန်း screen အသုံးများတဲ့သူတွေအနေန ဲ့့ဲငါးကြီးဆီလိုမျိုးဖြည့်စွက်စာ စားသုံးသင့်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။