ခုနောက်ပိုင်းဂီတလောကမှာတော်တော်လေး နာမည်ရလူကြိုက်များလာတဲ့ တေးသံရှင်မနောကတော့ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်မှုတွေပိုင်ဆိုင်နေပြီဖြစ်တဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ မနော်ဟာလက်ရှိမှာတော့ ပြသနာလေးအနဲငယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး တော်တော်ကိုစိတ်မကောင်း ဖြစ်နေရရှာပါတယ်။ပရိသတ်တစ်ယောက်ရဲ့ လူမှုကွန်ယက်ကနေ မဟုတ်မမှန်တဲ့သတင်းတွေတင်ခဲ့ပြီး မနော်နဲ့ ပရိသတ်တွေကြားက ဆက်ဆံရေးကိုပျက်ပြားအောင်လုပ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

အဲ့ဒီအကောင်ပိုင်ရှင်ရဲ့ လူမှုကွန်ယက်မှာတော့ “ကလေးမြို့ကျောင်းကြီးတိုက်ရွာအလှု မင်္ဂလာမှာ အဆိုတော်မနောလာရောက်သီဆို ဖို့ရာငှားရန်းတဲ့အခါမှာ သီချင်း၁၂ပုဒ်ကိုသိန်း၄၀တဲ့ ၁၂ပုဒ်ထက်ပိုမ တောင်းရဘူးတဲ့လေယာဉ်လက်မှတ်ကလည်းအဆင်သင့်လုပ်ပေးထားရမယ်တဲ့ သူရောက်လာတဲ့အခါ ရွာသူရွာသားတွေ သူကိုလာလာမတွေ့ပါစေနဲ့တဲ့ အဲ့ဒါတွေအကုန်လုပ်ပေးနိူင်မှရမယ်တဲ့ ကျောက်တိုက်ရွာဟာ ကိုလေးဖြူ ကိုအငဲတို့အကြာကြီးနေခဲ့တဲ့ရွာပါ အဆိုတော်တယောက်ကို ငမ်းငမ်းတက်မမြင်မတွေ့ဘူးတဲ့ ရွာမဟုတ်ပါဘူး အနူပညာကိုချစ်တဲ့ရိုးသားတဲ့ ထမင်းရှင်တွေကိုဒီလိုစကားကြီးတွေနဲ့ ကျေးဇူးမဆပ်ပါနဲ့ ခင်များကိုချစ်လို့အားပေးတဲ့နယ်ကလူတွေဟာအရိူင်း အဆိုင်းတွေမဟုတ်ပါဘူးလို့ကိုမနောသိစေချင်တယ်” ရေးပြီးတင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မနောကတော့ ဒီပိုစ့်တင်တဲ့သူအရမ်းလွန်တယ်ဗျာ ကျနော်နဲ့တေးချစ်သူတွေကို ရန်တိုက် ပေးလိုက်တာပဲဗျာ တကယ်စိတ်မကောင်းဘူးဗျာ၊ဒီလိုကိစ္စကိုဘယ်လိုဖြေရှင်းရမှန်းမသိတော့ပါဘူး၊ကိုယ်ချင်းစာ တရားရှိနိုင်ပါစေ”လို့သူရဲ့လူမှုကွန်ယက်မှာရေးသားခဲ့တာပဲ ဖြစ်တယ်။အခုဖြစ်တဲ့ ပြသနာနဲ့ ပတ်သတ်ပြီးလည်း မနောနဲ့ ထပ်တူပရိသတ်တွေပါ တော်တော်လေးကိုစိတ်မကောင်းဖြစ်နေကြပါတယ်။မနောက အပြင်လောကမှာ ရော လူမှုကွန်ယက်ပေါ်မှာပါ သဘောကောင်းမနောကောင်း၊ပျော်ပျော်နေတက်ပြီး ပရိသတ်တွေကိုတန်ဖိုးထား လေးစားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုလိုပြောလိမ့်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်လို့ မနောရဲ့ အမာခံချစ်ပရိသတ်တွေက ပြောဆိုနေကြပါတယ်။ 

သတင်းအရင်းအမြစ် - မနော 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။