သရုပ်ဆောင် ကောင်းပြည့် နဲ့ သန္တာဗိုလ် တို့ စုံတွဲလေးကတော့ အနုပညာလောကမှာ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ဆယ်လီစုံတွဲလေးဖြစ်ပါတယ်။

ရုပ်ရည်ချောမောပြီး လိုက်ဖက်ညီတဲ့အရပ်အမောင်းကြောင့် သူတို့နှစ်ဦး ဟာ နေနဲ့လ ရွှေနဲ့မြ လို ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တိုင်းရဲ့ စိတ်ဝင်တစားအာရုံစိုက်ခြင်းခံနေရတာဖြစ်ပါတယ်။

ဒီနေ့မတ်လ(၁)ရက်မှာတော့ သူတို့ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း(၆)နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။

ချစ်သူသက်တမ်းတစ်လျှောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ လူတိုင်းအားကျလောက်အောင် အရမ်းချစ်ကြတဲ့ ကောင်းပြည့် နဲ့ သန္တာဗိုလ် ဟာ အနုပညာဝါသနာတူ လျှောက်လှမ်းနေတဲ့ သူတွေဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ နှစ်ပတ်လည်နေ့လေးကို မမေ့မလျော့နဲ့အပြန်အလှန် ဆုမွန်ကောင်းတွေခြွေရင်း ကိတ်မုန့်လေးခွဲပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ပုံကို သန္တာဗိုလ်က သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ မျှဝေထားပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ သူတို့စုံတွဲဟာ ဇာတ်ကားတော်တော်များများမှာလည်း အတူတူ သရုပ်ဆောင်ခဲ့ဖူးသလို အနုပညာလှုပ်ရှားမှုတွေ အတူတူလုပ်ကိုင်နေတာဖြစ်ပါတယ် ။

ကြည်နူးစရာကောင်းတဲ့ သူတို့ရဲ့ နှစ်ပတ်လည်နေ့လေးအတွက် ပရိသတ်ကြီး ဆုတောင်းပေးလိုက်ပါဦးနော်။  

Source : Thandarbo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။