မြန်မာ့စစ်တုရင်ကစားနည်းဟာ အနောက်တိုင်းစစ်တုရင်ကစားနည်းနဲ့ မတူပဲ ကွဲပြားပါတယ်။ မြန်မာစစ်တုရင်ခုံဟာ အနောက်တိုင်းစစ်တုရင်ခုံလို အကွက် ၆၄ ကွက်ရှိပေမယ့်လည်း အဖြူ၊ အမည်းကွက်တွေ ဖော်ဖို့ မလိုပါဘူး။ ထူးခြားချက်ကတော့ စစ်တုရင်ခုံရဲ့ ထောင့်တွေကနေ အလယ်အူကြောင်းမျဉ်းကို ဖြတ်သွားတဲ့ ထောင့်ဖြတ်မျဉ်း ၂ ကြောင်း ပါရှိခြင်းဖြစ်ပါတယ်။ စစ်တုရင်ရုပ်တွေကတော့ မင်းကြီး ၁ ရုပ်၊ ရထား ၂ ရုပ်၊ မြင်း ၂ ရုပ်၊ ဆင် ၂ ရုပ်၊ စစ်ကဲ ၁ ရုပ် နဲ့ နယ်ရုပ် ၈ ရုပ်တို့ဖြစ်ပါတယ်။ တစ်ဖက်စီမှာ စုစုပေါင်း အရုပ် ၁၆ ရုပ်ရှိပါတယ်။

အဲဒီအရုပ်တွေကို တစ်ဖက်နဲ့ တစ်ဖက် ကွဲပြားစေဖို့ အရောင်ခွဲခြားထားပါတယ်။ အနောက်တိုင်းစစ်တုရင်မှာတော့ အဖြူနဲ့ အနက်ကို အသုံးပြုပေမယ့် မြန်မာ့စစ်တုရင်မှာတော့ အများအားဖြင့် အနက်နဲ့ အနီရောင်ကို အသုံးပြုလေ့ရှိပါတယ်။ စစ်တုရင်အရုပ်တွေစီပြီး ချထားခြင်းကို “တပ်ဆင်ခြင်း” ကို ခေါ်ပါတယ်။ တပ်ဆင်ရာမှာ အင်္ဂလိပ်စစ်တုရင်လို ဘုရင်မင်းကြီးရဲ့ နေရာအတိအကျကို သတ်မှတ်ထားခြင်းမရှိပါဘူး။ ကစားသူရဲ့ ဖက်ကနေ အရှေ့ကို အတန်း ၄ တန်းအတွင်းရှိ အကွက်တွေဟာ သူ့ရဲ့ နယ်မြေဖြစ်ပါတယ်။ စစ်တုရင်အရုပ်တွေ သွားလာနိုင်တဲ့အကွက်တွေကတော့ မင်းကြီးဟာ မိမိအနီးတစ်ဝိုက်မှာရှိတဲ့ အကွက် ၈ ကွက်စလုံးကိုသွားနိုင်ပြီး စစ်ကဲကတော့ သွားလာရာနဲ့ စားရာမှာ ထောင့်ကွက် ၄ ကွက်စလုံးကို သွားရပါတယ်။ ဆင်ကတော့ စစ်ကဲရွှေ့နိုင်တဲ့ ထောင့်ကွက် ၄ ကွက်အပြင် ရှေ့တည့်တည့်က တစ်ကွက်ကိုပါ သွားနိုင်ပါတယ်။

မြင်းကွက်ကတော့ ၈ ကွက်ရှိပါတယ်။ ရထားကတော့ အနောက်တိုင်းစစ်တုရင်ကစားနည်းက ရဲတိုက်လိုပဲ ဘေးတိုက်၊ အထောက်အောက် သွားနိုင်ပါတယ်။ နယ်ရုပ်ကတော့ ရှေ့တည့်တည့်ကိုသာ သွား၇ပြီး စားလိုရင် ဒေါင်လိုက်တက်ပြီး စားရပါတယ်။ ဘုရင်ရုပ်ကို မရွှေ့နိုင်အောင် ချိန်လိုက်ခြင်းကို ခွေတယ်လို့ ဆိုပါတယ်။ ဘုရင်ရုပ်ဟာ အခွေခံရပြီး အကွက်က မလွတ်မြောက်နိုင်ခဲ့ရင် အရှုံးပေးရပါတယ်။ ဘုရင်ရုပ်ကိုတော့ စားခွင့်မရှိပါဘူး။ ပိတ်မိခံနေရပေမယ့် အရုပ်တွေ မကျန်တော့ရင်တော့ သရေပွဲဖြစ်ပါတယ်။

Siurce: Wowbox

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။