မြန်မာပြည်ရဲ့ ပထမဆုံး Shemale တစ်ခုဖြစ်သလို နာမည်ကြီး ထိပ်တန်းမိတ်ကပ်ပညာရှင်လည်းဖြစ်တဲ့ မထက်ကတော့ ပရိသတ်တွေကြား အရမ်းကိုနာမည်ကြီးလှပါတယ်။ သူမဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးဟာ သူမလိုမိတ်ကပ်ပညာရှင်တွေအတွက် ခွန်အားတစ်ခုဖြစ်နေပြီး အတုယူဖွယ်လည်းဖြစ်ပါတယ်။ ဆန်းသစ်တဲ့ မိတ်ကပ်ပုံစံတွေကလည်း ပရိသတ်တွေကြား ရေပန်းစားလှပြီး သူမရဲ့ နေထိုင်မှုပုံစံဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားခြင်းခံရပါတယ်။

နာမည်ကြီး မိတ်ကပ်ပညာရှင်ဖြစ်တဲ့အလျောက် ပွဲအတော်များများရဲ့ အထူးဧည့်သည်အဖြစ် တက်ရောက်လေ့ရှိတဲ့ မထက်ဟာ ပွဲခင်းထဲမှာလည်း အမြဲထင်းနေတတ်သူတစ်ဦးဖြစ်ပါတယ်။ ချစ်သူရှိတယ်လို့ သူမကပြောပြထားပြီး အခြားသောအကြောင်းအရာတွေနဲ့ ကောလဟာလထွက်လေ့မရှိတဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ တလောက Indian look လေးပြင်ပြပြီး အနီတောက်တောက်ဆာရီလေးနဲ့ သူမရဲ့ ဓာတ်ပုံတွေဟာလည်း ပရိသတ်တွေကြား အတော်လေးပျံ့နှံ့ခဲ့ပါသေးတယ်။ 

မထက်ဟာ သူမရဲ့ ခံစားချက်လေးတွေကို သူမရဲ့ ပရိသတ်တွေနဲ့အတူ Facebook ကတဆင့် ဝေမျှလေ့ရှိပြီး သူမရဲ့ အလှဓာတ်ပုံတွေကိုတော့ Instagram မှာ တင်လေ့ရှိပါတယ်။ ကဲ ပရိသတ်ကြီးအတွက် အမြဲချစ်ခင်အားပေးရတဲ့ မိတ်ကပ်ပညာရှင် မထက် (Pop Soul) ရဲ့ ဓာတ်ပုံလှလှလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.....

Photo : Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။