အကယ်ဒမီ ဦးလွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျပြီးပေမယ့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေဆဲ ကြယ်ပွင့်လေးဖြစ်ပါတယ်

ကလေးဘဝထဲက ကြော်ငြာတွေအများကြီးရိုက်ကူးခဲ့ရတဲ့ ယွန်းဝတီဟာ ပညာရေးဘက်မှာ ဦးစားပေးလိုက်တဲ့နောက် အနုပညာလှုပ်ရှားမှုလေးတွေနည်းသွားခဲ့တာဖြစ်ပါတယ်။

အနုပညာပိုးအပြည့်ပါတဲ့ သူမဟာ မကြာသေးမီလပိုင်းကမှ နှစ်ဖက်မိဘတွေနဲ့ မင်္ဂလာပွဲကျင်းပပြီး ခင်ပွန်းသည်နဲ့အတူ သြစီကို ပညာသင်ကြားဖို့ အတူတူပြန်သွားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပရိသတ်အများဆုံးရရှိထားတဲ့ ယွန်းဟာ လက်တလောမှာ ပရိသတ်တွေကို သးမရဲ့ ချစ်စဖွယ်ကောင်းတဲ့ ပုံအသစ်တွေကို ထပ်မံထုတ်ပြလိုက်ပါတယ်

ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားတဲ့ ယွန်းဟာ လိမ္မော်ရောင် Make up Lookလေး ပြင်ဆင်လိမ်းခြယ်ထားတာမို့ အမြင်တစ်မျိုးနဲ့ ဆန်းသစ်နေတာဖြစ်ပါတယ်

သူမဟာ Hearty Heart အတွက် ကြော်ငြာရိုက်ကူးပေးခဲ့တဲ့ ပုံလေးတွေကို ပြန်လည်မျှဝေထားတာပါ။ 

စိတ်ချမ်းသာစရာအချစ်ရေးနဲ့အတူ ပညာရေးဘက်မှာထူးချွန်တဲ့ သူမဟာ အခုလို သူမဝါသနာပါရာ အနုပညာအလုပ်လေးတွေကိုလည်း အချိန်ရရင်ရသလို လုပ်လေ့ရှိတာမို့ ပရိသတ်တွေနဲ့ အမြဲထိတွေ့နေသူဖြစ်ပါတယ်

သူမဟာ ပြည်ပနေတဲ့အခိုက်အတန့် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အင်စတာဂရမ်ကနေလည်း အမြဲမပြတ်မျှဝေနေကျမို့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ သူလေးဖြစ်ပါတယ်။ 

ကဲ ယွန်း ရဲ့ အလှတွေကိုကြွေသွားပြီလား ?

Source : Yunwadylwin moe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။