နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်တစ်ယောက် VVID Fashion Show ပွဲကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အနက်ရောင်ဝတ်စုံနဲ့ လှပကျော့ရှင်းလွန်းတဲ့ သူမရဲ့ ပုံရိပ်တွေက တကယ်ကိုကြွေချင်စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စဖွယ် သားနဲ့သမီးကိုလည်း ပိုင်ဆိုင်ထားတဲ့ မေမေချောချောလေးပေါ့။ တစ်သားမွေးပြီး တစ်သွေးလှသူလေးအဖြစ် ပရိတ်သတ်တွေက အသိမှတ်ပြုထားသူလေးပါပဲ။

အသက်အရွယ်ရလာပေမယ့် သူမရဲ့နုပျိုလှပမှုတွေက ပျောက်ပျက်မသွားပဲ အသက် အရွယ်ကြီးလေ ပိုပိုပြီးလှလာလေပါပဲ။ ဒီနှစ်ရဲ့ အကယ်ဒမီဆုရှင်အဖြစ် ပရိတ်သတ်တွေ ရဲ့ထင်ကြေးပေးမှုကိုလည်း ရရှိနေသူဖြစ်ပါတယ်။ " ရင်ဘတ်ထဲကဓား " ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို သူမရဲ့ခင်ပွန်းဖြစ်သူ အကယ်ဒမီပြေတီးဦးနဲ့ တွဲဖက်သရုပ်ဆောင်ထားပြီး ပရိတ် သတ်တွေအပြည့်အ၀ အားပေးကြမ်းခဲ့တဲ့ အိမ်ထောင်ရေးပညာပေးဇာတ်ကားတစ်ကား လည်းဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ပီပြင်ပိုင်နိုင်မှု တွေကြောင့် ပရိတ်သတ်တွေကလည်း ယနေ့ထက်တိုင်ချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။

အကယ်ဒမီရွှေစင်ရုပ်ထုကို ပိုင်ဆိုင်ခွင့်ရရှိထားပြီး အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာဟာ အချိန်အတော်လေးကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ အမြဲတမ်း အသစ်အသစ်သော မတူတဲ့ပုံစံလေးတွေနဲ့ ပရိတ်သတ်တွေကို ဖမ်း စားနိုင်လွန်းတဲ့ အလှကဝေမလေးတစ်ဦးပါပဲ။ သူမရဲ့ VVID Fashion Show ပွဲကိုတက် ရောက်လာတဲ့ အနက်ရောင် အလန်းစား Fashion တွေကို ပရိတ်သတ်ကြီးလည်း ထပ်တူမြင် တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Eaindra Kyaw Zin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။