ဆယ်စုနှစ်တစ်စုကျော်ကြာအောင် ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက်ထားနိုင်သူ ခေတ်နဲ့အညီ လိုက်လျောညီထွေအောင် စီးမျောပြီး ပရိသတ်တွေပေါ်မှာ အမြဲအလေးထားသူ အဖြစ် ပရိသတ်တွေလက်ခံအားပေးနေသူကတော့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ဖြစ်ပါတယ်။ စိုင်းစိုင်းဟာ အဆိုတော်အဖြစ်အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး Hip Hop သီချင်းတွေကို ပရိသတ်တွေနဲ့ ရင်းနှီးစေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုပါ လုပ်ကိုင်လို့နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေပြီဖြစ်ပါတယ်။ တလောကမှ နာမည်ကြီးဝတ္ထုတစ်ပုဒ်ကို ဖွေးဖွေး ထွန်းထွန်းတို့နဲ့အတူ "ကြာတော့သည်လည်း မောင့်စကား" ဆိုပြီး ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကြား အတော်လေး စိတ်ဝင်စားလို့နေကြပါတယ်။ 

စိုင်းစိုင်းဟာ ခေတ်နဲ့အညီ လူမှုကွန်ယက်နဲ့ထိတွေ့နေထိုင်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ fan page နဲ့ instagram မှလည်း စာသားတွေနဲ့ ဓာတ်ပုံတွေကို မကြာခဏတင်လေ့ရှိပါတယ်။ အခုတစ်ခါလည်း ig မှာ ငယ်စဉ်ကလေးဘဝကဓာတ်ပုံလေးကို တင်ထားတာတွေ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ သဘောကျနေပြီး သရုပ်ဆောင် ဖွေးဖွေးကတော့ ထိုပုံခးလေးအောက်မှာ comment ရေးသားကာ နောက်ပြောင်ထားတာကိုတွေ့ရပါတယ်။ 

Photo: Sai Sai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။