ကာဗာသီချင်း MTV တွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးနေတဲ့ နေရွှေသွေးအောင်ရဲ့ အခု အသစ်ထွက်ရှိလာတဲ့ MTV သီချင်းအသစ်မှာတော့ အကယ်ဒမီ မင်းသား လွင်မိုး၊ ရဝေအောင်နဲ့ မော်လ်ဒယ် သရုပ်ဆောင် ယွန်းမီမီကျော်တို့လည်း ပါဝင်သရုပ်ဆောင်ထားကြတာ တွေ့ရပါတယ်..။

“Do you know” ဆိုတဲ့ သီချင်းကို နေရွှေသွေးအောင်က ပြန်လည်သီဆိုထားတာ ဖြစ်ပြီး လွင်မိုး၊ ရဝေအောင်တို့နဲ့အတူ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။

အဲ့ဒီ သီချင်းသစ် MTV နမူနာကိုလည်း နေရွှေသွေးအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်..။

MTV ရိုက်ကူးစဉ်မှာလည်း အမှတ်တရများစွာရှိခဲ့ပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်လို့ မျှော်လင့်တဲ့ အကြောင်းလေးကို နေရွှေသွေးအောင်က Comment မှာ ရေးသားပြောပြထားတာလည်း တွေ့ရပါတယ်..။

“Do You Know?' က Enrique Iglesias ရဲ့ Insomniac Album က နာမည်ကြီးသီချင်းဖြစ်ပြီး ဒီအပုဒ်လည်း ကိုယ်တိုင်သီဆိုထားပါတယ်... ပရိသတ်များလည်းကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပြီး အမှတ်တရများခဲ့တဲ့ ရိုက်ကူးမှုတစ်ခုလည်းဖြစ်ပါတယ်... အားလုံးကိုကျေးဇူးတင်ပါတယ်..” ဆိုပြီး ရေးသားထားတာပါ..။

အခု “Do you know” သီချင်းသစ်က သူ့ရဲ့ (၄)ပုဒ်မြောက်သီချင်းဖြစ်ပြီး အမိုက်စား ရိုက်ကူးထားကာ လွင်မိုး ပါဝင်သရုပ်ဆောင်ထားတဲ့ အခန်းကလည်း ဟော့နေတာ တွေ့ရပါတယ်..။

နေရွှေသွေးအောင်က သူ့ရဲ့ သီချင်းတိုင်းမှာ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အရင်သီချင်းတွေမှာလည်း ပိုင်ဇေရဲထွန်း၊ ခင်ဝင့်ဝါ၊ မြန်မာပြည်သိန်းတန်တို့နဲ့အတူ သရုပ်ဆောင်ထားကာ အခုတစ်ခေါက်မှာတော့ လွင်မိုး၊ ရဝေအောင်နဲ့ ယွန်းမီမီကျော်တို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

ဖိုးလပြည့်လို့ ပရိသတ်အများ သိထားကြတဲ့ နေရွှေသွေးအောင်ရဲ့ အလန်းစား MTV သီချင်အသစ်လေးကိုလည်း Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - နေရွှေသွေးအောင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။