ပရိသတ်အချစ်တော် အလှမယ် မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ချစ်စရာ အရမ်းကောင်းတဲ့ ပအိုဝ်းတိုင်းရင်းသူလေးတစ်ယောက်ပါပဲ..။

မင်းသမီးချောလေး နန်းခင်ဇေယျာဟာ ဒီနှစ်မှာ ကျရောက်တဲ့ (၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘားအံ့မှာ ကျင်းပပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားပွဲတွေကို တတ်ရောက်ခဲ့ပါတယ်..။

အမြဲတမ်းအပြုံးချိုချိုလေးနဲ့ ဖမ်းစားတတ်တဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ပအိုဝ်းတိုင်းရင်းရိုးရာ ဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ပြန်လည်မျှဝေထားပါသေးတယ်..။

အခမ်းအနားပွဲတွေမှာလည်း သူမတို့ရဲ့ ပအိုဝ်းတိုင်းရင်း သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းရင်းရိုးရာ ဝတ်စုံလေးနဲ့လည်း ချစ်စရာကောင်းအောင် လိုက်ဖက်ညီလွန်းလှတဲ့ သူမရဲ့ ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါပြီ..

မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ပြီးခဲ့တဲ့၂၈.၂.၂၀၁၈ (ည)က ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေကျော်ကြီး ကျေးရွာ နဲ့ ၁.၃.၂၀၁၈ (ည)က မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျောက်ရေတွင်း ကျေးရွာတွေက ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားပွဲတွေမှာ ပါဝင် သီဆိုဖျော်ဖြေခဲ့ပြီး လာမယ့် ၃.၃.၂၀၁၈ (ည) မှာတော့ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်ရှိ နတ်ရွာကျေးရွာက အခမ်းအနားပွဲမှာ ပါဝင်ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

ပအိုဝ်းတိုင်းရိုးရာ ဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေး နန်းခင်ဇေယျာရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

Source - နန်းခင်ဇေယျာ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။