အနုပညာလောကရဲ့ ထိပ်တန်းစာရင်းဝင်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုအပြည့်အဝရရှိထားသူကတော့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး ဖြစ်ပါတယ်။ ဖွေးဖွေးဟာ Pond's Brand Embassador တစ်ဦးဖြစ်ပြီး မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Pond's ရဲ့ ပွဲကို ပန်းရောင်ဂါဝန်ကြီးကို ဝတ်ဆင်လို့ ပွဲတက်ခဲ့ပါတယ်။ သူမရဲ့ ပွဲတက်ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား ခဏအတွင်းပျံ့နှံ့ခဲ့ပြီး ဝတ်စုံကိုလည်း သတိထားမိစေခဲ့ပါတယ်။ 

ဖွေးဖွေးဟာ ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ရင် ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့ ယခုဝတ်စုံနဲ့ပတ်သတ်ပြီး လူမှုစာမျက်နှာထက်မှာတော့ ဝေဖန်မှုတွေ ဂယက်ထလို့နေပါတယ်။ သူမရဲ့ ဝတ်စုံကိုတော့ ဒီဇိုင်နာ ဖြိုးကိုက ချုပ်ပေးထားတာဖြစ်ပြီး ကမ႓ာကျော်အဆိုတော် Dua Lipa ရဲ့ ဂယက်ထခဲ့တဲ့ ပွဲတက်ဝတ်စုံကို copy ကူးထားတယ်ဆိုတဲ့ သတင်းတွေဟာ ထွက်ပေါ်လို့နေပါတယ်။ 

ဒီဇိုင်နာအချင်းချင်း copyright ဆိုတာကို သိသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေပါ ထွက်ရှိနေပြီး ယခုလောလောဆယ်မှာတော့ ဒီသတင်းတွေဟာ ပျံ့နှံ့လို့နေပါတယ်။ ဖွေးဖွေးကိုယ်တိုင်ကတော့ သူမရဲ့ instagram က မဝေသစ်လွင်ရဲ့ comment မှာ "It's Dua Lipa's" ဆိုပြီး reply ပြန်ထားတာကို တွေ့ရခြင်းအားဖြင့် ဒီဇိုင်းကို တုပထားကြောင်း ပရိသတ်တွေကပြောဆိုနေကြပါတယ်။ 

Photo: Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။