Kpop Music ကိုကြိုက်နှစ်သက်ကြသူတိုင်း မသိမရှိလောက်အောင် နာမည်ကြီးတဲ့ Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Big Bang က အောင်မြင်မှုကို ထိန်းသိမ်းထားခဲ့တာ ကာလရှည်ကြာရှိပါပြီ ။ သူတို့ရဲ့ အနုပညာတွေကို ပရိတ်သတ်တွေက စွဲစွဲလန်းလန်းနှစ်ခြိုက်ကြသလို Talent အပြည့်နဲ့ ခန့်ညားချောမောတဲ့ အဖွဲ့ဝင်တွေကိုလည်း ရူးရူးသွပ်သွပ် စွဲလန်းကြသူတွေ ကမ္ဘာတစ်ဝှမ်းမှာရှိနေပါတယ် ။ 

သူတို့ကတော့ ဂီတဘက်မှာတော်သလို စီးပွားရေးဘက်မှာလည်း တော်သူတွေပါ ။ GDragon ဟာဆိုရင် လူငယ်တွေ နှစ်ခြိုက်ကြလွန်းလို့ ရောင်းမယ့်နေ့ကိုစောင့်ဆိုင်း ဝယ်ကြရတဲ့ ၊ ရောင်းတဲ့နေ့မှာလည်း Sold Out အဖြစ်မြန်လွန်းတဲ့ Peaceminusone ဆိုတဲ့ Brand ကိုပိုင်ဆိုင်တဲ့သူပါ ။ သူ့ရဲ့ Brand က ဒီလောက်လူကြိုက်များတာကြောင့် Sold Out Brand လို့တောင် နာမည်ပြောင်ပေးရတဲ့ထိပါပဲ ။ ဒီလို ဖက်ရှင်လုပ်ငန်းမှာအောင်မြင်နေသူတစ်ယောက်က ကိုယ်တိုင်ရော ဖက်ရှင်ကျပါ့မလားလို့ တွေးမိရင်တော့ အဲဒီအတွေးကို GD က လက်တွေ့နဲ့ သက်သေပြပါလိမ့်မယ် ။ 

သူ ဝတ်တဲ့ ဖက်ရှင်တွေက အမြဲခေတ်မှီပြီး ကိုယ့်စတိုင်နဲ့ကိုယ် အထှာကျနေတတ်သူပါ ။ ခုတော့ သူ စစ်မှုထမ်းဖို့ ထွက်ခွာသွားရပါပြီ ။ သို့ပေမယ့် ဒီလို ထွက်ခွာတဲ့ လမ်းမှာလည်း သူ့ရဲ့ ဖက်ရှင်ကျမှုက မလျော့ပါးသွားခဲ့ဘူးဆိုတာ ဒီပုံတွေကသက်သေပြနေပါတယ် ။

G-Dragon ကတော့ စစ်မှုူထမ်းဖို့သွားတဲ့လမ်းမှာ ဝတ်တဲ့အကျႌတောင် $4000 တန် ကုတ်အကျႌကို ဝတ်ဆင်ခဲ့တာပါ ။

မြန်မာငွေနဲ့ဆို သူဝတ်ခဲ့တဲ့ အကျႌတန်ဖိုးက ( ၅၆ ) သိန်း ကျော်ပါတယ် ။ အဲ့အကျႌကိုတော့ ဖက်ရှင်မှာ နာမည်ကျော်တဲ့

ပြင်သစ်နိုင်ငံရဲ့ Clothing and Footwear brand ဖြစ်တဲ့ Vetements ကထုတ်လုပ်တာပါ ။ Kanye နဲ့ Rihanna တို့လို နာမည်ကျော် အဆိုတော်တွေရဲ့ အသည်းစွဲ Brand တစ်ခုလည်း ဖြစ်ပါတယ် ။ GD ကလည်း ဒီ Brand ကိုဝတ်ရတာ သဘောကျပုံပါပဲ ။ ရိုးရိုးလေးနဲ့ အထှာကျနေတဲ့ GD စစ်မှုထမ်းသွားတဲ့ ပုံရိပ်တွေကတော့ ပြောစမှတ်တွင်ကျန်ရစ်နေခဲ့တော့တာပါပဲ ပရိတ်သတ်တို့ရေ ။

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။