ရှားပါးတဲ့ အမျိုးသမီး Rock အဆိုတော်တွေထဲ ဆုန်သင်းပါရ်လည်း တစ်ယောက်အပါအဝင်ပါ ။ ချင်းတိုင်းရင်းသူလေး ဆုန်သင်းပါရ် က အသံအားကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို ပရိတ်သတ်ရင်ထဲ အရောက်ပို့ခဲ့တဲ့ အဆိုတော်တစ်ဦးပါ ။ ပရိတ်သတ်အခိုင်အမာရှိတဲ့ အောင်မြင်တဲ့သီချင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့သူမက အိမ်ထောင်ကျပြီးချိန်မှာတော့ ခင်ပွန်းသည်ရှိရာကို လိုက်ပါသွားရပြီး

ဂီတအလုပ်တွေ အနည်းငယ်လျော့ပါးသွားခဲ့ပေမယ့် ပရိတ်သတ်အချစ်တွေကတော့လျော့မသွားဘဲ ဆုန်သင်းပါရ်ရဲ့ သားသားလေးကိုပါ ချစ်ခင်အားပေးနေတော့တာပါ ။ အလုပ်တွေပိတ်တဲ့ရက်မှာ မိသားစုနဲ့အပန်းဖြေခရီးထွက်ကြသလို ဆုန်သင်းပါရ်တို့မိသားစုလေးကလည်း ရန်ကုန်မြို ့မှာ Water Taxi စီးပြီးလေညှင်းခံထွက်ခဲ့တယ်လို့ သိရပါတယ် ။  

" Yangon Water Bus စီးလို့ အရမ်းကောင်း...

မိသားစု များနဲ့ ပျော်စရာ အမှတ်တရ .. " လို့သူမက ဆိုထားခဲ့ပြီး Water Bus ပေါ်မှာ ပျော်ရွှင်စွာလေညှင်းခံနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်ကတဆင့် မျှဝေပေးထားပါတယ် ။

နီးနီးနားနားမှာလည်း အပန်းဖြေစရာတွေရှိနေတာပဲနော် ... ဆုန်သင်းပါရ်တို့ မိသားစုလေးကိုကြည့်ရတာ ပျော်ဖို့မကောင်းဘူးလား ပရိတ်သတ်ကြီးတို့ရေ ...

သတင်းအရင်းမြစ် Sung Tin Par

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။