ခုတလော ကစ်ကစ်လို့ ချစ်စနိုးခေါ်ကြတဲ့ ရွှေမင်းသမီးလေး ဝတ်မှုန်ရွှေရည်ကို မြင်နေကြပုံစံထဲက ကွဲထွက်ပြီးမြင်တွေ့နေရတာကို ပရိတ်သတ်တို့သတိထားမိကြမှာပါ ။ ဒါရိုက်တာ ဦးမီးပွားရိုက်ကူးတဲ့ " ရန်သူ " ရုပ်ရှင်ဇာတ်ကားကြီးပါ ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်က Tomboy ပုံစံ ကာရိုက်တာမို့ ဆံပင်တွေပါညှပ်ပြီး Mood သွင်းထားလိုက်တဲ့အခါ

မကြာသေးခင်အချိန်တွေကမှ မြင်ထားခဲ့တဲ့ မင်းသမီးချောလေး က ဘယ်ပျောက်သွားသလဲ လို့တောင် တွေးမိရလောက်အောင် ပီပြင်လွန်းလှပါတယ် ။ နေပုံထိုင်ပုံ စကားပြောပုံတွေကအစ တကယ့် Tomboy ချောချောလေးလိုဖြစ်နေတာမို့ တစ်မျိုးဆန်းနေတော့တာပါပဲ ။ သူမက ဘယ်လိုပုံပဲပြောင်းလဲသွားသွား သူမပရိတ်သတ်တွေကိုချစ်တာတော့ မပြောင်းမလဲ ချစ်နေဆဲဆိုတာကို ရိုက်ကွင်းကို လာရောက်အားပေးတဲ့ Fan တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးတွေက သက်သေပြနေပါတယ် ။

Fan တွေနဲ့ ရင်းရင်းနှီးနှီး စကားပြော ဓါတ်ပုံတွေလဲ ရိုက်ပေးခဲ့ပေမယ့် Tomboy mood က မပျောက်တာမို့ ချစ်တဲ့ ကွီးကစ် ကလေးရယ်လို့ ပရိတ်သတ်တွေက ချစ်စနိုးခေါ်နေကြတော့တာပါပဲ ။ ရန်သူ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာဦးမီးပွားက ရိုက်ကူးပြီး နေမင်း ဝတ်မှုန်ရွှေရည် နဲ့ နေခြည်ဦးတို့ကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Wut Mhone Shwe Yee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။