ဖိုးလပြည့်လို့ ပရိတ်သတ်တွေ သိကြတဲ့ နေရွှေသွေးအောင်ကတော့ သူနှစ်သက်တဲ့ စပိန်အဆိုတော် Enrique_Iglesias ရဲ့ သီချင်းကောင်းလေးတွေကို Cover သီဆိုကာ တစ်မူကွဲပြားတဲ့ MTV တွေနဲ့ တင်ဆက်တတ်သူမို့ သူသီချင်းသစ်ထွက်တိုင်းစောင့်မျှော်အားပေးနေတဲ့ ပရိတ်သတ်တွေ တစ်ပုံတစ်ပင်ရှိနေသူပါ ။ သူကလည်း သူရိုက်ကူးထားတဲ့သီချင်းလေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိတ်သတ်တွေ ကြည့်ရှုနိုင်အောင် မျှဝေပေးလေ့ရှိပါတယ် ။ ယခုလည်း သူထပ်မံရိုက်ကူးထားတဲ့ Do You Know? ဆိုတဲ့ Cover Song လေးရဲ့ Trailer Version ကို March တစ်ရက်နေ့မှာ ပရိတ်သတ်ကို ချပြခဲ့တာပါ ။ 

" Do You Know? က Enrique Iglesias ရဲ့ Insomniac Album က နာမည်ကြီးသီချင်းဖြစ်ပြီး ဒီအပုဒ်လည်း ကိုယ်တိုင်သီဆိုထားပါတယ်...

ပရိသတ်များလည်းကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပြီး အမှတ်တရများခဲ့တဲ့ ရိုက်ကူးမှုတစ်ခုလည်းဖြစ်ပါတယ်...

အားလုံးကိုကျေးဇူးတင်ပါတယ်.. " လို့ သူက ဆိုထားပါသေးတယ် ။  

အဆိုပါ MTV ထဲမှာတော့ နေရွှေသွေးအောင်နဲ့ အတူ လွင်မိုး ရဝေအောင် ယွန်းမှီမှီကျော် တို့ပါဝင်သရုပ်ဆောင်ထားကြတာပါ ။ Plot အဆန်းလေးနဲ့မို့

အဆိုပါ Trailer လေးက တင်ပြီးတဲ့ 11 နာရီအတွင်းမှာ 102,000 View တောင် ရရှိထားခဲ့ပါပြီ ။ ဒီMTV ထဲမှာပါဝင်သရုပ်ဆောင်တဲ့ ရဝေအောင်ကတော့

အနုပညာလောကက ကင်းကွာနေခဲ့တာကြာပြီဖြစ်ပေမယ့် ဒီ MTV လေးထဲမှာ ပြန်ပါဝင်လာခဲ့တာမို့ ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ် ။

ရဝေအောင်က MTV အတူ ရိုက်ခဲ့တဲ့ နေရွှေသွေးအောင်ကို

" အဆိုရော သရုပ်ဆောင်ပိုင်းရော တကယ့် အနုပညာပါရမီပါတဲ ့ညီလေးပါ...ကြည့်ကောင်းတုန်းcoming soon ဆိုတော့ စောင့်မျှော် အားပေးနေပါမယ်..... " လို့ ချီးကျူးအားပေးထားပါတယ် ပရိတ်သတ်ကြီးရေ ...

မကြည့်ရသေးရင် အောက်မှာတစ်ခါထဲ ကြည့်လို့ရအောင် Video File လေးပါ တင်ပေးလိုက်ပါတယ်နော် ။ 

သတင်းအရင်းမြစ် Nay Shwe Thway Aung / Ya Wai Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။