ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးအနေနဲ့ ရာထူးမှအနားယူချင်နေပြီလို့သိရပါတယ်။သူ့အနေနဲ့ အသက်ကြီးရင့်လာတာနှင့်အမျှ တာဝန်ထမ်းဆောင်ရာမှာ ပင်ပန်းနွမ်းနယ်မှုတွေများစွာကြုံတွေ့နေရတာကြောင့် ခပ်စောစောအနားယူချင်တာဖြစ်တယ်လို့ပြောကြားခဲ့တာလဲဖြစ်ပါတယ်။ 

ဒူတာတေးကတော့ နိုင်ငံတွင် ဖက်ဒရယ်လစ်ဇင်စနစ်ကို ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ကို အောင်မြင်ချင်နေပြီလို့လဲပြောကြားခဲ့ပါတယ်။ထိုရည်ရွယ်ချက်အောင်မြင်မှသာ ဒူတာတေးအနေနဲ့ ၎င်း၏ ရာထူးသက်တမ်းကို စောလျင်စွာ အဆုံးသတ်နိုင်မှာဖြစ်တယ်လို့လဲသိရပါတယ်။

အသက် ၇၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒူတာတေးကတော့ မိန့်ခွန်းပြောကြားရင်းနဲ့ " ၂၀၂၀ မတိုင်ခင် ကျွန်တော် အနားယူတော့မယ်ဗျာ၊ ကျွန်တော်ခု အသက်ကြီးနေပါပြီ၊ နောက်ထပ် ရည်မှန်းချက်တွေဘာတွေ လည်း မရှိတော့ပါဘူး၊ အနားယူချင်နေပါပြီ" လို့အတိအလင်းကြေငြာပြောဆိုတာလဲဖြစ်ပါတယ်။၎င်းပြောဆိုမှုကြောင့်လည်း ဒူတာတေးကအာဏာကို ကြာကြာဖက်တွယ်ထားနိုင်ပြီး အာဏာရှင်တစ်ဦး ဖြစ်သွားနိုင်တယ်ဆိုတဲ့စိုးရီမ်ပူပန်မှုတွေကိုမှေးမှိန်ပြောက်ကွယ်စေခဲ့တယ်လို့လဲသိရပါတယ်။ 

source - CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။