အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်ဆုံး လက်ထောက်တစ်ဦးဖြစ်တဲ့ ဟုပ်ဟစ်ကတော့ ရူထူးမှနှုတ်ထွက်တော့မယ်လို့ိသိရပါတယ်။အိမ်ဖြူတော်ရဲ့ ဆက်သွယ်ရေးဒါရိုက်တာ ရာထူးကိုထမ်းဆောင်နေတဲ့ သူမရာထူးမှနှုတ်ထွက်တော့မယ်ဆိုတာကိုတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အိမ်ဖြူတော်ကအတည်ပြုပြောကြားခဲ့တာလဲဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ဟုပ်ကတော့ ထရမ့်ရဲ့ အနီးကပ်ဆုံးလက်ထောက်တစ်ဦးအဖြစ်ကာလကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့တဲ့ အိမ်ဖြူတော်ရဲ့လေးယောက်မြောက် ဆက်သွယ်ရေးဒါရို်က်တာတစ်ဦးလဲဖြစ်ပါတယ်။ အရင်ကမော်ဒယ်ဟောင်းတစ်ဦးလဲဖြစ်တဲ့ ဟုပ်ကတော့ သမအနေနဲ့ အိမ်ဖြူတော်အတွက် တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပြီလို့ သူမရဲ့မိတ်ဆွေတွေကို ပြောကြားခဲ့တယ်လို့လဲသိရပါတယ်။ 

သမ္မတ ထရမ့်ကတော့ " ဟုပ်က ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အရမ်းကို ထူးချွန်ပြောင်မြောက်တဲ့ အလုပ်တွေကို လုပ်နိုင်ခဲ့သူတစ်ဦးပါ" ဆိုပြီး ချီးမွမ်းပြောကြားခဲ့တာလဲဖြစ်ပါတယ်။ဟုပ်အနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်၏ ဆက်သွယ်ပြန်ကြားရေး ဒါရိုက်တာ တာဝန်မှမည့်သည့်အချိန်ကာလာမှာ ထွက်ခွာသွားမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူးလို့လဲသိရပါတယ်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။