ပရဟိတမင်းသားဝေလုကျော်ဟာ မိသားစုစုံစုံလင်လင်နဲ့ အလှူဒါနပြုခဲ့ကြပါတယ်။ ကုသိုလ်ရေးမှာ လက်မနှေးတဲ့ ဝေဠုကျော်ကတော့ အခုလည်း သံဃာ အပါး (၃၀၀) ကျော်အတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မှာ မိသားစုနဲ့အေးအေးချမ်းချမ်း ကုသိုလ်ယူနေခဲ့ပါတယ်။ 

သူ့ရဲ့ဖေ့စ်ဘုတ်မှာတော့ ယနေ့ တပေါင်းလပြည့်နေ့ ဧရာဝတီတိုင်း ၊ညောင်တုန်းမြို့နယ် ၊မိုးဟုတ်စေတီတော် ၌ နှစ်စဉ် ကျင်းပသောသံဃာ သီလရှင် အပါး ၃၀၀ကျော် အတွက်

မပျက်မကွက် နှစ်စဉ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကုသိုလ်

ဒီနှစ်တော့ မိသားစုစုံစုံလင်လင် ပါဝင် လောင်းလှူဖြစ်” ဆိုပြီးရေးသားခဲ့ပါတယ်။

စိတ်ထားကောင်းပြီး လူတကာကချစ်ခင်ရတဲ့ ဝေဠုကျော်ကတော့ သူချစ်တဲ့ပရဟိတအလုပ်တွေကို အဓိကထားလုပ်ကိုင်နေပါတယ်။ အခုဆိုရင်ချင်းပြည်နယ်မှာပါ သာသနာပြန့်ပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ပရဟိတအလုပ်တွေကိုလည်း ထိထိရောက်ရောက်လုပ်ဆောင်နိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

source - wai lu kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။