ရုပ်ရှင်ချစ် ပရိတ်သတ်ကြီးအတွက် 2.3.2018 မှ 8.3.2018 အထိ တစ်ပတ်အတွင်း ရုံတင်ပြသသော ဇာတ်ကားများကို ဖော်ပြပေးလိုက်ပါတယ်။ ရုံးပိတ်ရက် အပန်းဖြေဖို့ဖြစ်ဖြစ်၊ ရုံးဆင်းချိန်အပြန် ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်နှစ်သက်တဲ့ အနုပညာရှင်တွေကို အားပေးဖို့ပဲဖြစ်ဖြစ် ဘယ်ရုံမှာ ဘာရုပ်ရှင်ကား တင်နေလည်း သိရှိစေရန်အတွက် ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ အခုဖော်ပြမယ့် ရုပ်ရှင်ကားများကတော့ JCGV ရုပ်ရှင်ရုံများတွင် ပြသမယ့် ဇာတ်ကားများပဲ ဖြစ်ပါတယ်။ 

ဒီအပတ်မှာတော့ မိမိတို့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားပြီးလူ့ပတ်ဝန်းကျင်မှာ သာမန်လူအဖြစ်နေထိုင်ကာ မိစ္ဆာကောင်တွေရဲ့ရန်တွေကို နောက်ကွယ်ကနေ ကာကွယ့်စောင့်ရှောက်သွားပေးကြမယ့် “Thousand Faces Of Dunjia” ကို Junction City နှင့် City Mall တို့မှာ ပြသနေပြီး မန္တလေးနှင့် မော်လမြိုင်တို့မှာလည်း ရုံတင် ပြသနေပါတယ်။ 

ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီးနောက် ဇာတိမြေကိုပြန်လာခဲ့ကာ ဘုရင်အဖြစ် နေရာမှန်ပြန်ရဖို့နဲ့ Black Panther ဖြစ်လာဖို့ စမ်းသပ်ခံရမှုတွေ ရှိလာတော့မယ့် T’Challa အကြောင်း ရိုက်ကူးထားတဲ့ “ Black Panther ” solo movie ကိုတော့ Junction City နှင့် Junction Square တို့မှာ ပြသနေပါတယ်။

မလွတ်မြောက်နိုင်သေးတဲ့ သူရဲ့ ဝိညာဉ်အတွက် သူကိုယ်တိုင် ပြန်ကယ်ထုတ်ဖို့ ကြိုးစားရာကနေ အဲ့ဒီအန္တရာယ်ထဲကို Rose ဆိုတဲ့ မိန်းခလေး ပါဝင်လာပြီး စွမ်းအားရှိဝိညာဉ်တွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ “1921” Romance Horror Movie ကိုတော့ Junction City, Junction Square, Mawtin နဲ့ City Mall တို့မှာ ရုံတင်ပြသနေပါတယ်။ 

အစွဲအလမ်းကြီးတဲ့ သရဲမလေးကြောင့် လူ့လောကမှာ အလွဲလွဲအမှားမှားတွေ ဖြစ်ရတာကို ရယ်စရာ ဟာသလေးတွေနဲ့ ဖန်တီးတင်ဆက်ထားတဲ့ “မောင်မစ္စကဝိညာဉ်” ရုပ်ရှင်ဇာတ်ကားကြီး ကတော့ Junction City, Junction Square, Mawtin နဲ့ City Mall တို့အပြင် နေပြည်တော်၊ မန္တလေး နှင့် မော်လမြိုင်တို့မှာလည်း ရုံတင် ပြသနေပါတယ်။

ပရိတ်သတ်အခိုင်အမာရရှိထားပြီး ဇာတ်လမ်းကောင်းကြောင်းထပ်ပြောနေစရာမလိုတော့တဲ့ ၇ ပါတ်မြောက်အဖြစ် ရုံတင်ပြသသွားမယ့် “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ Junction City, Junction Square နဲ့ City Mall တို့မှာ ပြသပေးသွားဦးမှာပဲ ဖြစ်ပါတယ်။

ကဲ … ဒီတစ်ပတ်ရုံးပိတ်ရက်ကြီးမှာ ချစ်ခင်ရသူတွေနဲ့ အတူ ရုပ်ရှင်သွားကြည့်လိုက်ကြရအောင်နော် ။

ပရိတ်သတ်ကြီးများအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - JCGV 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။