သမ္မတဒူတာတေးဟာ ၂၀၂၀ မတိုင်မီ သမ္မတရာထူးကနေ စောစောအနားယူချင်ကြောင်းကို သူရဲ့မိန်းခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ သမ္မတသက်တမ်းတစ်လျှောက် သြဇာအာဏာကြီးမားတဲ့ သမ္မတတစ်ယောက်ဖြစ်ပြီး အများကတော့ အာဏာရှင်ဆန်ဆန်အုပ်ချုပ်သွားမှာကိုစိုးရိမ်နေခဲ့ကြတာပါ။ ယခုမိန့်ခွန်းကြောင့် အများထင်ကြေးပေးနေခဲ့တဲ့ အသံတွေ မှေးမှိန်သွားခဲ့ပါတယ်။ 

ယခုမိန့်ခွန်းကြောင့် အများကြေးပေးနေခဲ့တဲ့ အသံတွေ မှေးမှိန်သွားခဲ့ပါတယ်။

ဒူတာတေးက ပြောကြားရာတွင် ၎င်းအနေဖြင့် နိုင်ငံတွင် ဖက်ဒရယ်လစ်ဇင်စနစ်ကို ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ကို အောင်မြင်ချင်နေပြီဖြစ်ကြောင်း၊ ယင်းမှသာ ၎င်း၏ ရာထူးသက်တမ်းကို စောလျင်စွာ အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ယင်းအပြင် ယခုအချိန်တွင် တာဝန်ထမ်းဆောင်ရင်းနဲ့ တစ်ဖြည်းဖြည်းချင်း အားကုန်လာသလို ခံစားနေရပြီဖြစ်ကြောင်း အသက် ၇၂ နှစ်အရွယ် ဒူတာတေးက ပြောသွားပါတယ်။

" ၂၀၂၀ မတိုင်ခင် ကျွန်တော် အနားယူတော့မယ်ဗျာ၊ ကျွန်တော်ခု အသက်ကြီးနေပါပြီ၊ နောက်ထပ် ရည်မှန်းချက်တွေဘာတွေ လည်း မရှိတော့ပါဘူး၊ အနားယူချင်နေပါပြီ" ဆိုပြီး ဒူတာတေးက မိန့်ခွန်းတစ်ရပ်တွင် ပြောဆိုသွားခဲ့ပါတယ်။

ယင်းအတွက်ကြောင့်လည်း သမ္မတ ဒူတာတေးအနေဖြင့် အာဏာကို ကြာကြာဖက်တွယ်ထားနိုင်ပြီး အာဏာရှင်တစ်ဦး ဖြစ်သွားနိုင်သည် ဆိုသည့် ထွက်ပေါ်နေသည့် စိုးရိမ်ပူပန်မှုများကိုလည်း ယခု ပြောဆိုချက်များက မှေးမှိန်သွားစေခဲ့ပါတယ်။ 

source - CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။