ငါးဆိုရင် ဗီတာမင်နဲ့ပြည့်ဝတဲ့အတွက် လူတိုင်းစားသုံးသင့်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ငါးစားရင်ကျန်းမာရေးအတွက် အကျုုးိပြုတယ်ဆိုတာ သိကြတယ်မလား။ငါးမြွေးထိုး ဟာအမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အစားကြေလွယ်စေပါတယ်။ လေရောဂါနှင့် သလိပ်ကို ပျော်စေပြီး အိပ်ပျော်စေပါတယ်။ အမျိုးသားတွေအတွက် အကြောအားကို ကောင်းမွန်စေပါတယ်။ ငါးဘတ် အိုးကပ်လေးချက်ရင် အရမ်း ကြိုက် အရမ်းစားလို့ကောင်းပါတယ်။ အရသာကောင်းလွန်းတဲ့ ငါးဘတ်ဟာ အမျိုးသားတွေရော အမျိုးသမီး တွေအတွက်ပါ သုတ်ကောင်ကိုပွားများစေပါတယ်။ 

ငါးလင်ဘန်းကတော့ လူကိုခွန်အားတိုးစေပြီး သုတ်ထွက်အားကိုလည်း ကောင်းမွန်စေပါတယ်။ ကိုယ်တွင်း မှာရှိတဲ့ အပူချိန်ကြောင့် လည်ချောင်းနာ၊ ခံတွင်းပျက်သူများ စားသင့်ပါတယ်။ငါးပြက် ဝမ်းချုုပ်ခြင်း၊အရိုးခိုင် မာစေခြင်း၊ အစာမကြေဖြစ်ခြင်းတို့အတွက် သက်သာစေပါတယ်။ ငါးသလဲထိုးဟာ အကြောတက်ဝေဒနာ၊ လေနှင့်ဆိုင်တဲ့ ဝေဒနာတွေကို သက်သာစေပါပတယ်။ ငါးသလောက်ကတော့ သွေးတက်ခြင်းကို့ဖြစ်စေတဲ့ အတွက် ဂရုပြုစားပါ။ နားမျက်စီ၊ သည်းခြေ၊ ဝေဒနာခံစားနေရသူတွေအတွက် ရှောင့်သင့်ပါတယ်။  

ငါးအိုက် အိပ်မပျော်သူများ တစ်ပတ်ကို နှစ်ရက်လောက် စားပေးသင့်ပါတယ်။ ငါးနုသန်း ဟာလေရောဂါ ခံစားနေရသူတွေ စားပေးသင့်ပါတယ်။ ငါးရှဉ့်ကတော့ အမျိုးသားတွေ ခွန်းအားတိုးစေဖို့ စားပေးသင့်ပါတယ် ငါးဖယ်ကတော့ သုတ်ကို တိုးပွားစေပါသတဲ့။ငါးမန်းစွယ်ကတော့ ခုကမ္ဘာမှာ ဈေးကြီးပေးဝယ်နေရပြီး အမျိုး သားတွေအတွက် ဒူလာဝေဒနာတွေကို ယူပစ်သလို ပျောက်ကင်းစေပါတယ်။ငါးကြီးအဆီ ကတော့ အမျိုးသားတွေဆီကျိတ်ကင်ဆာ ကိုကာကွယ်ပေးပါတယ်။ မျက်စီအားကောင်းစေပါတယ်။ ဆံပင်အထူးသန် စွမ်းစေပါတယ်။ အားလုံးကျန်းမာကြပါစေ။ 

Source: pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။