မိန်းကလေးရော ယောကျ်ားလေးရော အများစုကတော့ ဝက်ခြံနဲ့ သိပ်မကင်း တတ်ကြပါဘူး။ ဝက်ခြံကို အများစုက မျက်နှာ အရေပြားမှာ ပေါက်တတ်ကြပေမယ့် တစ်ချို့တွေက ခန္ဓာကိုယ်ပေါ်တွေမှာ ပေါက်တတ်ကြပါတယ်။ ကိုယ်မှာ ပေါက်တဲ့ ဝက်ခြံနဲ့ ပတ်သက်ပြီး တစ်ချို့တွေက ကူးစက်ရောဂါလို့ ထင်နေကြပါတယ်။ အမှန်တော့ ခန္ဓာကိုယ်ပေါ်မှာ ပေါက်တဲ့ ဝက်ခြံက မကူးစက်တတ်ပါဘူး။ တစ်ချို့တွေက သန့်သန့်ရှင်းရှင်း နေပေမယ့်လည်း ဝက်ခြံပေါက်တာမို့ ဘာကြောင့်လဲ ဆိုတာ အရမ်း သိချင်နေကြပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ အများစုက အမာရွတ် ကျန်ခဲ့ကြတာမို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ 

ဒီလို ခန္ဓာကိုယ်ပေါ် ပေါက်တဲ့ ဝက်ခြံတွေအတွက် ဘာဆေးတွေသုံးဖို့လိုလဲ ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးတွေ ဆိုရင်တော့ ရာသီမမှန်တာနဲ့ အနည်းငယ် ဆက်စပ်နေနိုင်ပါတယ်။ ဒီလို ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ အရမ်း အရေးတကြီး ကုသစရာ မလိုဘူးလို့တော့ အကြံပေးချင်ပါတယ်။  

ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံပေါက်ရတဲ့ အကြောင်းရင်းတွေကတော့ -

• Sweating ချွေးထွက်များခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

ပေါင်းအတွင်းပိုင်း၊ ချိုင်းသား လိုမျိုး သိတဲ့အတိုင်းအမြဲလိုလိုဖုံးထားရလို့ ချွေးများတယ်။ အပေါ်ကထွက်တဲ့ ချွေးစီးကျတာလဲ ခံရသေးတယ်။

• Folliculitis ကိုယ်မွှေးထွက် အိတ်ကလေးတွေရောင်ရင်ဖြစ်တယ်။

ဒီလို အခြေအနေမျိုးက ဖိထိုင်ရတဲ့ တင်ပါးမှာလဲဖြစ်တယ်။ ဗက်တီးရီးယား ဝင်ရင် နာမယ်၊ ယားမယ်၊ ရောင်မယ်၊ ပြည်တည်မယ်။

• အရေပြားပိုးဝင်တဲ့အခါ ခန္ဓာကိုယ်ပေါ် ဝက်ခြံ ဖြစ်ပါတယ်။

Thigh Acne ပေါင်ဝက်ခြံ။ အရေပြားပိုးဝင်တာပါဘဲ။ ယောက်ျားတွေမှာ ကပ်ပဲ့အိတ်မှာဖြစ်တယ်။ ချွေးထွက်အိတ်တွေမှာ မဆင်မသင့်တာ ဖြစ်လာလို့ပါ။ အဆီပိုထွက်မယ်၊ ပိုးဝင်မယ်။ Blackheads ခေါင်းဖြူဝက်ခြံလို့လဲ ခေါ်တယ်။ အဲ့ဒါမျိုးတွေ တွေ့ကြုံရတဲ့ အခါ ဖြစ်နိုင်ပါတယ်။

• Skin Creams အရေပြားလိမ်း ခရင်မ်တွေကနေလဲ ဖြစ်နိုင်တယ်။

Moisturizer ကိုနေ့တိုင်းသုံးခြင်းထက် Water based moisturizers သုံးတာက ပိုပြီးသင့်တော်ပါတယ်။

• Hormonal Changes ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလို အနေအထားမျိုးကတော့ ရှောင်လွှဲမတာမျိုးဖြစ်ပြီး မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ အပျိုဖော်ဝင်ချိန်၊ ရာသီစက်ဝန်းချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးတဲ့ အခြေအနေ တွေမှာ ဖြစ်နိုင်ပါတယ်။

ဖော်ပြပါ အချက်များအပြင် အားကစား အရမ်းလုပ်ခြင်း၊ ချွေးထွက်များခြင်း၊ မျိုးရိုးလိုက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့ အချက်တွေကြောင့်လည်း ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။

ဖော်ပြပါ အချက်များကို သိရှိပြီး ရှောင်ကြဉ် ဆင်ခြင်နိုင်ကြပြီး တစ်နေ့ထက်တစ်နေ့ လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Dr. Tint Swe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။