အဲ့ဒီမင်္ဂလာပွဲကိုလာရောက်ကြတဲ့ ပရိသတ်တွေကတော့ တော်တော်ကို အံ့သြသွားကြပါတယ်။ ဘာလို့လဲဆိုတော့ သတို့သားနှင့် သတို့သမီး တို့က မင်္ဂလာဝတ်စုံကိုလဲဝတ်ထားကြလို့ပါဘဲ။ အများအတွက်တော့ ဒီလိုလဲဝတ်တာဟာ ရယ်စရာကောင်းနိုင်ပေမယ့် မင်္ဂလာမောင်နှံ အတွက်တော့ အချစ်ကို သက်သေပြတဲ့ သင်္ကေတလို့ ယူဆလို့ရပါတယ်။

မင်္ဂလာဆောင်နီးလာတာနှင့် အမျှ သတို့သမီးဖြစ်တဲ့ Ou Qian သူမရဲ့ ခန္ဓာကိုယ်အလေးချိန်နှင့် ပတ်သက်ပြီး စိုးရိမ်လာပါတယ်။ မင်္ဂလာပွဲ နီးမှ ဂါဝန်မတော်တော့ရင်ဘယ်လိုလုပ်မလဲ ကြပ်နေရင်ဘယ်လိုလုပ်မလဲ ကြည့်လို့မလှရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးတွေဟာ မင်္ဂလာမဆောင်ခင် သတို့သမီးတိုင်း စိုးရိမ်ခဲ့ရတဲ့ ပြဿနာ လို့လဲပြောလို့ရပါတယ်။ အဲ့ဒီလိုစိုးရိမ်နေတဲ့ သူ့ရဲ့ သတို့သမီးလောင်းအတွက် Wu Shuai ကတော့ အဲ့ဒါဆိုရင် ကိုယ် ဂါဝန်ဝတ်ပေးမယ်။ မင်း က အနောက်တိုင်းဝတ်စုံဖြစ်တဲ့ tuxedo ကို စိတ်ဖြောင့်ဖြောင့် နှင့် ဘာမှ မစိုးရိမ်ပဲဝတ်ပါဆိုပြီး သူ့ သတို့သမီးလေးကို ပြောခဲ့တာဖြစ်ပါတယ်။

ယောက်ျားတစ်ယောက်အတွက် အများရှေ့မှာ မိန်းကလေးအင်္ကျီ ကို တော်ရုံဘယ်သူမှ မဝတ်ချင်ကြပါဘူး။ သို့သော်လည်း ချစ်သူစိတ်ချမ်းသာဖို့ အတွက် အခြားသူတွေကိုဂရုမစိုက်ပဲ ဂါဝန်ဝတ်ဆင်ခဲ့တဲ့အတွက်ကြောင့် သူမရဲ့ ရုပ်ရည် အလှအပကို မက်မောတာမဟုတ်ဘူးဆိုတာကို ပြသနိုင်တဲ့ အတွက်ကြောင့်လဲ အမျိုးသမီး တစ်သိုက်ကတော့ အားကျနေပါတော့တယ်။

source : CNN

translated by Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။