ယောင်္ကျားလေး အများစု အနေနဲ့ကတော့ အရက်သောက်ခြင်းကို မကြာခဏ ဆိုသလို သောက်လေ့ ရှိကြပါတယ်။ များသောအားဖြင့်တော့ တစ်နေ့လုံး တစ်ပတ်လုံး အလုပ်တွေ လုပ်နေရပြီး သောကြာနေ့လိုညမျိုးမှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အရက်သောက်လေ့ ရှိကြပါတယ်။ နောက်နေ့ စနေလို မနက်မျိုးမှာ အရှိန်လွန်သွားတဲ့ ပြသနာကို စတင် ခံစားရပါတော့တယ်။ ဒီလို ခံစားရခြင်းက အရက်သောက်တာ များသွားခြင်း၊ အရှိန်လွန်သွားခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ် ခံစားရတာပဲ ဖြစ်ပါတယ်။ ဘယ်လို လက္ခဏာတွေက အရှိန်လွန် သောက်သုံးခြင်းကို ပြသလဲ ဆိုတာကို တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ 

(၁) ခေါင်းကိုက်ခြင်း

မိုးလင်းတာနဲ့ ခေါင်းအရမ်း ကိုက်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ အရက်ကနေ အသွင်ပြောင်းသွားတဲ့ အဆိပ်များက ခေါင်းထဲကို လာရောက် ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ညဘက်မှာ သောက်တာ များလေလေ နောက်တစ်နေ့ မနက်မှာ ခေါင်းပို ကိုက်လေပဲ ဖြစ်ပါတယ်။

(၂) ပျို့အန်ချင်စိတ်ဖြစ်ခြင်း

အရက်ကြောင့် ခန္ဓာကိုယ် ခုခံစနစ်ဖြစ်တဲ့ သွေးဖြူဥများကနေ ဓာတ်ပစ္စည်းများ ထွက်လာသောကြောင့် ပျို့အန်ချင်စိတ် ဖြစ်ရတာပဲ ဖြစ်ပါတယ်။ အရက်က ခန္ဓာကိုယ်မှ မလိုလားအပ်တဲ့ ဓာတ်ပစ္စည်းဖြစ်တဲ့အတွက် နောက်ထပ် ထပ်ပြီး မသောက်ဖြစ်အောင် ခုခံအားစနစ်က တွန်းလှန်တဲ့ သဘောဖြစ်ပါတယ်။ 

(၃) ရေငတ်ခြင်း

ရေဓာတ်လျော့နည်းသွားခြင်းကြောင့် အာခေါင်ခြောက်ခြင်း၊ ရေငတ်ခြင်း တို့ကို ဖြစ်စေပါတယ်။ အရက်သောက်ခြင်းကြောင့် ဟိုမုန်းများ အထွက်နည်းတာကြောင့် ဆီးပို သွားစေပါတယ်။ တစ်ညလုံး ဆီးသွားနေစေတာကြောင့် မနက်မိုးလင်းတဲ့အခါ ရေဓာတ် လျော့နည်းသွားရခြင်း ဖြစ်ပါတယ်။

(၄) မအီမသာ ဖြစ်ခြင်း

ကိုယ်လက်များ လေးလံထိုင်းမှိုင်းပြီး မသယ်ချင်ဖြစ်ခြင်း၊ ခေါင်းမူခြင်းတို့ကို ဖြစ်စေပါတယ်။ သွေးထဲတွင် ကလူးကို့စ်များ လျော့နည်းနေခြင်းမျိုးဖြစ်ပြီး အသည်းမှ ဂလူးကို့စ်များ လုံလောက်စွာ မထုတ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

(၅) ဗိုက်နာခြင်း

အစာအိမ်ရောင်တတ်ခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်စေပါတယ်။ အထူးသဖြင့် အရက်သောက်တဲ့အခါ အစာလုံလောက်စွာ မရှိခြင်း၊ တွဲဖက်စားရန် အမြည်းမပါခြင်းတို့က အစာအိမ်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။

ဖော်ပြပါ လက္ခဏာတွေကို ကြုံတွေ့လာရတဲ့အခါ ဆရာဝန်နှင့် ပြသတိုင်ပင်လျှင် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒီဝေဒနာများကို ပျောက်ကင်းသက်သာစေဖို့အတွက် ကိုယ့်သဘောနှင့်ကိုယ် ဆေးဝါးများ မမီဝဲသင့်ပါဘူး။ အကောင်းဆုံး နည်းကတော့ တတ်နိုင်သမျှ အရက်ကို လျှော့သောက်တာပဲ ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Health Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။