Apple က ဒီနှစ် ဆောင်းရာသီမှာအရွယ်အစားအလွန်ကြီးမားတဲ့ iPhone X ကိုရောင်းချနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ Bloomberg ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး Apple ဟာယခုနှစ် စက်တင်ဘာလမှာ iPhone အသစ်သုံးလုံးကိုရောင်းချနိုင်ပြီးမော်ဒယ်အားလုံးမှာ Face ID ထည့်ပေးထားနိုင်ပါတယ်။ 

အဲဒီအိုင်ဖုန်းများကတော့ ဆန်းသစ်ထားတဲ့ iPhone X ၊ အရွယ်အစား ကြီးမားတဲ့ iPhone X နဲ့ LCD Display ပါတဲ့ iPhone X များ ဖြစ်ကြပါ တယ်။ အဲဒီမော်ဒယ်အားလုံးမှာလက်ဗွေရာအာရုံခံစနစ် Touch ID တော့ မပါလာပါဘူး။ အရွယ်ကြီးအိုင်ဖုန်းမော်ဒယ်ဟာ ၆.၅ လက်မ ဖြစ်ပါတယ်။ လက်ရှိ iPhone X ရဲ့ အရွယ်အစားကတော့ ၅.၈ လက်မ ဖြစ်ပါတယ်။ 

Apple က iPhone X Plus အတွက် 2688x1242p OLED Display ကိုစမ်းသပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ သူ့ရဲ့ ဘေးဘက် ကိုယ်ထည်များဟာ Stainless Steel ဖြင့် တည်ဆောက်ထားပြီးရွှေရောင် ကိုလည်းရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ LCD iPhone ဟာလည်း iPhone X Models အသစ်များနဲ့ ဒီဇိုင်းတူညီပါတယ်။ 

ဒါပေမယ့် သူ့မှာ Stainless Steel အစားအလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ KGI မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က အဲဒီဖုန်းဟာဒေါ်လာ ၇၀၀ နဲ့ ၈၀၀ အကြားသာကျသင့်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။ 

Source: Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။