အကြောထုံးခြင်းဝဒနာဆိုတာ လူတိုင်းတော့မဖြစ်တတ်ပါဘူး။ အကြောထုံးခြင်းဆိုတာ အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်းရမ်း တတ်လာခြင်းဖြစ်ပါတယ်။အများအားဖြင့် ခြေထောက်၊ခြေမျက်စေ့တို့တွင် ဖြစ်တတ်ပါတယ်။ သွေးကြောအဆို့ရှင်အားနည်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လှုပ်ရှားမှု့ နည်းသူများ၊ အဝလွန်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အဖြစ်များတာတွေ့ရ တတ်ပါတယ်။အကြောထုံးပြီးဆိုရင် ခြေထောက်ရောင်လာခြင်း၊ သွေးကြောများယားယံလာခြင်း၊ အရေပြား ပြောင်းလဲလာခြင်း၊ တို့ဖြစ်လာတတ်ပါတယ်။ 

သွေးလည်းပတ်မှု့ကောင်းစေဖို့အတွက် အပြေးလေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အရောင်းပြခန်းတွေမှာ ရပ်နေရတတဲ့ သူတွေအတွက် လည်း အကြောထုံးဖြစ်လာတတ်ပါတယ်။ ကွန်ပျူတာ တစ်နေ့လုံးထိုင်ကြည့်ခြင်း၊ ခြေနှစ်ချောင်းချိပ်ထိုင်ခြင်း၊ တို့ကြောင့်လည်း အကြောထုံးဝေဒနာ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ အကြောထုံးရာကနေ ယားယံလာပြီး ကုတ်ခြစ်ခြင်း ကိုမလုပ်ပါနဲ့နော်။ အချိုဓာတ်လွန်ကဲတဲ့ အစားစာတွေကို ရှောင်ပေးပါ။ အသင့်စားသုံးလို့ရတဲ့ အစားစားတွေ ဆားငန်းသော အစားစားများ ကိုရှောင်ကြည်သင့်ပါတယ်။

ပင်လယ်စာများများစားပေးပါ။ ပဲပိစပ်၊ ကြက်သွန်နီ၊ဂျင်း တို့ကိုစားပေးခြင်းဖြင့် သွေးလည်းပတ်မှု့ကို ကောင်း စွာအထောက်ကူပြုပေးပါတယ်နော်။သစ်သီးတွေအနေနဲ့ နာနတ်သီး ချယ်င်္ရီသီး၊ ဘယ်ရီသီး၊ တွေကိုစားပေး ပါက အကြောထုံးခြင်းကိုကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့အစားစားတွေကို များများစားပေးဖို့ လိုပါတယ်။ ပန်းသီးရှာလကာရည်သောက်ပေးပါ။ ရေအေးအေးဖြင့် အကြောထုံးနေရာကို များများလောင်ချ ပေးပါ။ အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။