အမေရိကန်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူများကို အခြားသော နိုင်ငံများအား နမူနာယူပြီး သေဒဏ်ချမှတ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁ ရက်တွင် အကြံပြုပြောကြားခဲ့တယ်လို့သိရပါတယ်။၎င်းကတော့ အချို့သောနိုင်ငံတွေမှာမူးယစ်ဆေးဝါးဖြန့်သူနှင့် ရောင်းဝယ်သူများကို သေဒဏ်အပါအဝင် ပြင်းထန်သောပြစ်ဒဏ်များချမှတ်ရာကို ထောက်ထားပြီးအခုလိုပြောကြားခဲ့တာလဲဖြစ်ပါတယ်။ 

အဆိုပါနိုင်ငံတွေက မိမိတို့နိုင်ငံထက်တောင်မူးယစ်ဆေးဝါးပြသနာ နည်းပါးတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ သေဒဏ်ချမှတ်တဲ့ဥပဒေကိုကျင့်သုံးသင့်တယ်လို့ထရမ့်ကပြောကြားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ထရမ့်ကတော့ နို်င်ငံတွင်း ဘိန်းစွဲသူများကို ပစ်မှတ်ထားပြီး အကိုက်အခဲပျောက်ဆေးများ ထုတ်လုပ်နေသည့် ကုမ္ပဏီများကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သေးတယ်လို့လဲသိရပါတယ်။ 

ထရမ့်ကတော့ ပြီးခဲ့သည့်နှစ်ကလည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်ချက်ကို အံ့မခန်းသော ဆောင်ရွက်ချက်အဖြစ် ချီးမွှမ်းပြောဆိုခဲ့ပါသေးတယ်။အခုအခါမှာလည်း စင်ကာပူတွင်လုပ်ဆောင်သည့် မူးယစ်ဆေးဝါးကုန်သည်များကို သေဒဏ်ချမှတ်ခြင်းကို ထောက်ခံတဲ့အတွက် အိမ်ဖြူတော်မှာကျင်းပတဲ့ ဘိန်းဖြူပြန့်ပွားဖြစ်ပေါ်မှုအရေး အစည်းအဝေးတစ်ခုတွင် ယခုလိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ 

source - EFE- EPA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။