Huawei က နောက်ထုတ်မယ့်စွမ်းဆောင်ရည်မြင့် Android Phone ရဲ့အမည်ဟာ P20 ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုလိုက်ပါတယ်။ အဲဒီစမတ်ဖုန်းရဲ့ ပရိုမိုးရှင်းဗီဒီယိုဖိုင်မှာ ဉာဏ်ရည်တုနည်းပညာနဲ့ မိုဘိုင်းဓာတ်ပုံရိုက်ကူးမှုကို အသားပေးထားမယ်လို့ အရိပ်အမြွက် ရေးသားထားပါတယ်။ အဲဒီစမတ်ဖုန်းမှာ အနောက်ကင်မရာသုံးလုံး ပါလာနိုင်ပါတယ်။ 

ကင်မရာဆော့ဖ်ဝဲမှာလည်း ဉာဏ်ရည်တုနည်းပညာပါလာမှာ ဖြစ်ပါတယ်။ P20 Series များကို မတ်လ 27 ရက်နေ့မှာ ပြင်သစ်တွင် ပွဲတစ်ခုကျင်းပ၍ မိတ်ဆက်မှာ ဖြစ်ပါတယ်။ မိတ်ဆက်မယ့် P20 Series များဟာ P20, P20 Plus, P20 Lite တို့ဖြစ်ပြီး P20 Lite ဟာ စွမ်းဆောင်ရည်သင့်စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။ အဲဒီစမတ်ဖုန်းအားလုံးမှာ 18:9 Screens များ ထည့်သွင်းထားနိုင်ပြီး တစ်လုံးမှာ Apple iPhone X မှာလို Notch Design ပါလာနိုင်ပါတယ်။ အနောက်ကင်မရာသုံးလုံးဟာ P20 Plus မှာသာ ပါလာမှာဖြစ်ပါတယ်။ အခြားမော်ဒယ်နှစ်ခုမှာတော့ အနောက်ကင်မရာနှစ်လုံးသာ တပ်ဆင်ထားနိုင်ပါတယ်။ 

ကင်မရာများဟာ Huawei နဲ့ Leica တို့ ပူးပေါင်းဖန်တီးထားမှာ ဖြစ်ပါတယ်။ ဂျာမနီအခြေစိုက် Leica ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Huawei ရဲ့ စမတ်ဖုန်းများအတွက် ကင်မရာများကို ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ Huawei ဟာ အဲဒီဖုန်းများကို လာမယ့်ရက်ပိုင်းအတွင်းမှာ ကျင်းပမယ့် MWC ပွဲမှာ ပြသမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

Source: Net guide journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။